ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်နှင့် ရေထွက်ကုန် ဈေးကျလာသည့်ထားဝယ်ဈေးကွက်

0
993

ထားဝယ်တွင် ယခုအပတ် ကြက်သွန်ဖြူနှင့် ရေထွက်ကုန်ပစ္စည်းများအနည်းငယ်ဈေးကျလာသည်။

ပြီးခဲ့သည့်အပတ် စက်တင်ဘာလ ၂၂ ရက်နေ့က ကြက်သွန်ဖြူ ထူး၅ အမျိုးအစား တစ်ပိဿာကို ၁၀၅၀ဝကျပ် ဈေးရှိရာမှ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ၁၀၀၀ဝကျပ်၊ ကြူကုတ် တရုတ်ကြက်သွန် တစ်ပိဿာ ၈၀၀ဝကျပ်မှ ယနေ့ ၇၆၀ဝကျပ်သို့ဈေးကျလာသည်။

ကြက်သွန်နီတစ်ပိဿာဈေးမှာ ၃၅၀ဝကျပ်ဖြစ် နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။

ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ပါတူး (ခေါ်) အာဗြဲငါးတစ်ပိဿာဈေးမှာ ၃၅၀ဝကျပ်မှ ၃၀၀၀ ကျပ်၊ ပါလန်း (ခေါ်) ငါးလုံးငါး တစ်ပိဿာဈေးမှာ ၆၀၀ဝကျပ်မှ ၅၅၀ဝကျပ်၊ ပုဇွန်ချောကြီး တစ်ပိဿာမှာ ၃၀၀၀၀ ကျပ်မှ ၂၅၀၀ဝကျပ်သို့ အသီးသီး ဈေးကျသွားခြင်းဖြစ်သည်။

“ဈေးကွက်မှာ အရင်ပတ်ထက်စာရင် ယခုအပတ် ငါးပုစွန်ပေါနေတယ်” ဟု ငါးအဝယ်ဒိုင်လုပ်ငန်းလုပ်သူတစ်ဦးက ပြောသည်။

ဆန်ဈေးမှာ ငြိမ်နေသည်ကိုတွေ့ရသည်။

အကယ်ဒမီဆန်ကြမ်း ရက်ကိုးဆယ် တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တစ်အိတ်လျှင် ၁၇၅,၅၀ဝကျပ်၊ အကယ်ဒမီဆန်အစိမ်းရောင်တံဆိပ် တစ်အိတ်လျှင် ၁၃၅,၀၀ဝကျပ်၊ အကယ်ဒမီဆန်အနီရောင်တံဆိပ် အမျိုးအစား တစ်အိတ်လျှင် ၁၂၂,၀၀ဝကျပ်ဖြစ် ဈေးငြိမ်နေခြင်းဖြစ်သည်။