ထိုင်းတွင် ဆိုင်ကယ်စီးလာသော မြန်မာတစ်ဦး အသတ်ခံရ

0
1465

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင်တွင် ဆိုင်ကယ်ဖြင့် နေအိမ်ပြန်လာသော မြန်မာအလုပ်သမားတစ်ဦးကို အမည်မသိ လူငယ် ၄ ဦးက ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စမွတ်စခွန်မြို့ ဝတ်စရီစုတ်ထာရမ် ဘုန်းကြီးကျောင်းလမ်းတွင် စက်တင်ဘာလ ၂၆ ရက်နေ့က အသက် ၂၀ အရွယ် မောင်ကောင်းအမည်ရှိသော မြန်မာအလုပ်သမားတစ်ဦး ဓားထိုးခံရခြင်းဖြစ်သည်။

ဆိုင်ကယ်များဖြင့် အမည်မသိလူငယ် ၄ ဦးက ရှေ့နောက် တားဆီး၍ ဓါးထိုးခဲ့မှုကြောင့် မြန်မာအလုပ်သမား၏ ခန္ဓာကိုယ်နှင့် နောက်ကျောတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ခဲ့သော အမည်မသိ လူငယ် ၄ ဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံ၍ လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: MC News, Sakhon News