ဆန်ကြမ်းဈေး အပါအဝင် အခြေခံစားသောက်ကုန်အချို့ စျေးအနည်းငယ်ကျ

0
1130

ထားဝယ်ဈေးကွက်တွင် ဆန်ကြမ်းအပါအဝင် အခြေခံစားသောက်ကုန်အချို့ ယခုအပတ်တွင် စျေးအနည်းငယ်ကျလာပြီး ဆန်ချောဈေးနှုန်းများ ‌ငြိမ်နေသည်။

စက်တင်ဘာလ ၁ ရက်နေ့က ရက်ကိုးဆယ် အကယ်ဒမီဆန်ကြမ်း ၁၀၈ ပေါင် ၂၄ ပြည်တစ်အိတ်ကို ၉၂၀၀၀ ကျပ်မှ ယနေ့ စက်တင်ဘ ၁၅ ရက်နေတွင် ၉၀၀၀၀ကျပ် သာရှိတော့သည်။

နှစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ် ကျပ်နှစ်ထောင် ဈေးကျလာခြင်းဖြစ်သည်။

သို့သော် အခြားအကယ်ဒမီတံဆိပ် (ပေါ်ဆန်းဆန်ချော)အမျိုးစားများဖြစ်သည့် အစိမ်းရောင်တံဆိပ် အိတ်ကြီး တစ်အိတ်မှာ ၁၃၅၀၀၀ ကျပ်နှင့် အနီရောင်တံဆိပ် မှာ ၁၃၂၀၀၀ ကျပ်ဖြင့် သုံးပတ်ဆက်တက် ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

အမေထွား ပဲဆီ တစ်လီတာကို စက်တင်ဘာလ ၈ ရက်နေ့က ၉၃၀၀ ကျပ်မှ ယနေ့ ၈၉၀၀ ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင်းအမေထွား ပဲဆီ တစ်လီတာ ၄၀၀ ကျပ်ဈေးကျလာခဲ့သည်။

ဇွဲတံဆိပ်(ပဲဆီ) ၊နှမ်းဆီ နေကြာဆီတို့မှာ ဇယားပါဈေးနှုန်းအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

စားအုံးဆီ ဈေးမှာ လူတစ်ဦး ၁ပိဿာ ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေသော်လည်း လူအနည်းစုသာ ဝယ်ခွင့်ရနေသည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဈေးမှာထည်း အနည်းငယ် ကျလာပြီး စက်တင်ဘာလ ၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိသာ ၄၀၀၀ ကျပ်မှ ယနေ့ ၃၆၀၀ ကျပ်သာရှိတော့သည်။

ကြက်သွန်ဖြူဈေးသည်လည်း စက်တင်ဘာ ၁ ရက်နေ့က တစ်ပိဿာ ၁၀၅၀၀ကျပ် မှာ ယနေ့ ၉၈၀၀ကျပ်ဖြင့် အရောင်းဝယ်ပြုလုပ်နေကြပြီး နှစ်ပတ်အတွင် ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၇၀၀ ဈေးကျလာခဲ့သည်။