ရေထွက်ကုန်ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

0
1162

ယခုတစ်ပတ်‌ ထားဝယ်ဈေးကွက်တွင် ငါးပုစွန်ဈေး အနည်းငယ်မြင့်တက်နေသည်။

ထားဝယ်မုန့်လက်သုပ် ချက်ရာတွင် အများဆုံးအသုံးပြုသည့် ငါးဒွန်းခြင်း (အလုံး) တစ်ပိဿာကို စက်တင်ဘာလ ပထမပတ်က ၆၀၀၀ ကျပ်၊ အပြား တစ်ပိဿာ ၅၀၀၀ ကျပ်ဈေးရှိရာ ယနေ့စက်တင်ဘာလ ၈ ရက်နေ့တွင် အလုံး တစ်ပိဿာ ၆၅၀ဝကျပ်၊ အပြား တစ်ပိဿာ ၅၅၀ဝကျပ်စီ ဖြစ်လာသည်။

တစ်ပိဿာ ငါးရာကျပ်စီဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် ငါးကွန်းရှပ်တစ်ပိဿာဈေးမှာ ယခင်အပတ်က ၂၄၀၀ဝကျပ်ဈေးရှိရာမှ ယနေ့ ၂၈၀၀ဝကျပ် ဖြစ်လာပြီး ၄၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ထို့နည်းတူ ပုစွန်တစ်ပိဿာ ယခင်အပတ်က ၂၂၀၀၀ ကျပ်ဈေးရာမှ ယနေ့ ၃၀၀၀၀ ကျပ်အထိဖြစ်သွားပြီး ပုဇွန်တစ်ပိဿာ ၈၀၀ဝကျပ်ခန့် ဈေးတက်နေသည်ကိုတွေ့ရသည်။

တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် မြန်မာ့ပင်လယ်ပြင် နှင့် တနင်္သာရီတိုင်း၏ ငါဖမ်းပင်လယ်ရေပိုင်နက်များတွင် ရာသီဥတုဆိုးရွားနေ၍ ငါး၊ ပုစွန်များ အရနည်းသည့်အပြင် ငါးဖမ်းလှေအချို့ ရပ်နားထားသည့်အတွက်ကြောင့်လည်း ရေထွက်ကုန် ဈေးတက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ဈေးကွက်ထံမှ သိရသည်။

ဆန်၊ ဆီနှင့် ငရုတ်သီး ကြက်သွန်ဈေးများမှာမူ ငြိမ်နေသည်ကို တွေ့ရသည်။