မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

0
1573

မြိတ်မြို့ ‌မြိတ်တောင်နယ်မြေရှိ ဆောက်လက်စ တိုက်အိမ်တွင် ယနေ့ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

ဇေယျာသီရိ ၄ ရပ်ကွက်ရှိ ဆောက်လက်စ တိုက်အိမ်တွင် အလုပ်လုပ်ကိုင်နေသည့် ပန်းရန်အဖွဲ့မှ ပန်းရန်ဆရာတစ်ဦး ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်‌ဦးက ပြောသည်။

“ပေကြိုးတိုင်းရင်းနဲ့ မီးကြိုးကိုသွားထိပြီး ဓာတ်လိုက်သွားတာ” ဟု ၎င်းက ဆိုသည်။

အသက် ၅၀ နှစ်ရှိ အဆိုပါအမျိုးသားသည် ဓာတ်လိုက်ခံရသဖြင့် ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်အပါအဝင် ဒဏ်ရာအချို့ရရှိခဲ့သဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်လိုက်လူနာသည် မြိတ်ဆေးရုံအရောက်တွင် သေဆုံးခဲ့သဖြင့် ယင်းဆေးရုံကြီးမှတဆင့် တပ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက်တွင် ပြတ်ကျနေသည့် WiFi ကြိုးအား ပြန်လည်တပ်ဆင်ရာမှ မီးကြိုးနှင့်ထိမိသဖြင့် အသက် ၂၆နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။