ဆန်ဈေးငြိမ်ပြီး စားသုံးဆီဈေးတက်လာတဲ့ ထားဝယ်ဈေးကွက်

0
1721

ထားဝယ်ဈေးကွက်တွင် တစ်ပတ်အတွင်း ဆန်ဈေးငြိမ်ပြီး စားသုံးဆီဈေးတက်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့မှယနေ့ ဇူလိုင် ၇ ရက်နေ့အထိ ထားဝယ်ဈေးကွက်တွင် အကယ်ဒမီဆန်ကြမ်း တစ်အိတ်လျှင် ၈၁၀၀၀၊ ရွှေဘိုပေါ်ဆန်း(အောင်သီဟ)တစ်အိတ် ၁၂၁၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေသည်ကို တွေ့ရသည်။

စာသုံးဆီဈေးမှာ ဇွန်လ ၃၀ ရက်နေ့မှ ယနေ့အထိ တစ်ပတ်အတွင်း အနည်းငယ်ဈေးတက်လာတာတွေ့ရသည်။

အမေထွား တံဆိပ် စားဆီ ၁ လီတာလျှင် ဇွန်လ ၃၀ ရက်နေ့တွင် ၈၅၀၀ ကျပ်မှ ယနေ့ ၈၇၅၀ ကျပ်၊ဇွဲတံဆိပ် ပဲဆီ တစ်ပိဿာလျှင် ၁၅၃၅၀ ကျပ်မှ ယနေ့ ၁၅၇၅၀ ကျပ်၊ နှမ်းဆီတစ်လီတာလျှင် ၉၂၀၀ ကျပ်မှ ယနေ့ ၉၄၅၀ ကျပ်သို့ ဈေးတက်လာသည်ကိုတွေ့ရသည်။

အခြားမီးဖိုခြောင်သုံးပစ္စည်းများဖြစ်သည့် ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၁၅၅၀၀ ကျပ်၊ ငရုတ်ပုခြောက် ၁၉၅၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၃၀၀၀ ကျပ်ဖြင့် ဇူလိုင်လအတွင်း ဈေးငြိမ်နေသည်ကိုတွေ့ရသည်။