စပိန်နောက်ခံလူ အိုင်နီဂိုမာတီနက်ဇ် ဘာစီလိုနာထံသို့ ပြောင်းရွှေ့

0
2331
Photo - Inigo Martinez Facebook

မြန်မာနိုင်ငံ၏အထင်ကရ သမိုင်းဝင်နေရာ ပုဂံမြေသို့ အလည်အပတ်ခရီး ရောက်ရှိခဲ့ဖူးသော စပိန်နောက်ခံလူ အိုင်နီဂို မာတီနက်ဇ်သည် ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်သော ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အိုင်နီဂို မာတီနက်ဇ် သည် သမိုင်းဝင် ပုဂံမြေသို့ လွန်ခဲ့သည့် ၆ နှစ်ခန့်က လာရောက်လည်ပတ်ခဲ့ဖူးပြီး လက်ရှိတွင် ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားသော အိုင်နီဂို မာတီနက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

အိုင်နီဂို မာတီနက်ဇ်သည် လွန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် ဘီလ်ဘာအိုနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီးသည့်နောက် ဘာစီလိုနာထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ဘာစီလိုနာနှင့် အိုင်နီဂို မာတီနက်ဇ်တို့အကြားတွင် ၂ နှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။