ဧပြီလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
1915

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပျူစောထီး၊ စစ်ကောင်စီနဲ့ပတ်သတ်တယ်ဆိုသူ လူငါးဦးကို ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်ဆိုတဲ့အကြောင်း
  • ပုလောမြို့နယ် မင်းထိန်ရွာမှာ ဆန်အပါအဝင် စားနပ်ရိက္ခာပြတ်လပ်နေတဲ့အကြောင်း
  • မြိတ်မြို့မှာ ကမ်းနီငါးဖမ်းလှေတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတဲ့အကြောင်း
  • လောင်းလုံးမြို့နယ် ဝဗျေားကျေးရွာမှာ အချင်းချင်းစကားများရာကနေ အမျိုးသားတစ်ဦးပစ်သ တ်ခံရတဲ့အကြောင်း
  • သင်္ကြန်အပြီး ထားဝယ်မြို့ပေါ်မှာ ဆိုင်ကယ်စစ်ဆေးတာတွေကို ပြန်ပြီးတင်းကြပ်လာတဲ့ အခြေအနေ
  • ကော့သောင်းရှမ်းကိုးရွာဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေပိုများပြားလာတဲ့အကြောင်း
  • လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပျူစောထီးအဖွဲ့၊ မူးယစ်အဖွဲ့တို့ နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အကြောင်း
  • မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာဟာ အီတလီမှာ စိန်ခေါ်ပွဲထိုးသတ်ဖို့ ထွက်ခွာသွားတဲ့အကြောင်း
  • အိန္ဒိယနိုင်ငံရဲ့ ပြင်းထန်တဲ့ အပူရှိန်ကို ပြသဖို့နေပူထဲ ကြက်ဥကြော်ပြတဲ့အကြောင်း

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။