စစ်တပ်က ဖမ်းထားသည့် ပဝတ်ကုန်းရွာသား ၂၇ဦးအနက် ရှစ်ဦး ပြန်လွတ်

0
168

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုလောမြို့နယ် ပဝတ်ကုန်းရွာသား ၂၇ ဦးအနက် ရှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။

ပဝတ်ကုန်းရွာသား ၂၇ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ နံက် ၁ နာရီခန့်တွင် စစ်တပ်က ရွာသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၇ရက်နေ့တွင် ရှစ်ဦးကို ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်သည်။

“ခံဝန်တွေထိုးပြီး ပြန်လွတ်လာတယ်လို့ပဲ သိရသေးတယ်။ ဘယ်လိုလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။

ပြန်လွတ်လာသူများအနက် အမျိုးသမီးများအပြင် အမျိုးသားအချို့ပါဝင်သည်သာ သိရသေးပြီး အမျိုသား၊ အမျိုးသမီးဦးရေ အတိအကျကိုမူ အတိအကျ မသိရသေးကြောင်း ပဝတ်ကုန်း ဒေသခံအချို့က ဆိုသည်။

ဖမ်းဆီးခံရသည့် ရွာသား ၂၇ ဦးကို ၁၁ ယောက်အုပ်စုနှင့် ၁၆ ယောက်အုပ်စု နှစ်စုခွဲကာ စစ်ဆေးခဲ့ပြီး နောက် ၁၁ ယောက်အုပ်စုမှ ရှစ်ဦးကို ပြန်လွတ်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

“နောက်ထပ်လည်း ပြန်လွတ်မယ်လို့ ကြားရတယ်။ ဘယ်နေ့ ဘယ်နှစ်ယောက် ပြန်လွတ်မယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။

ပဝတ်ကုန်းရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ညက ပျူစောထီးအဖွဲ့နှင့် ပုလော PDF တို့အကြား မိနစ်သုံးဆယ်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။

ယင်းနောက် ဒီဇင်ဘာလ ၃ ရက်ညတွင် ရွာသား ၂၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ပဝတ်ကုန်းရွာသည် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းဘေးတွင်တည်ရှိပြီး အိမ်ခြေ ၃၀၀ ခန့်ရှိသည်။