သောက်သုံးရေ ရှားက ဖုန်းဆက်ပါ

0
150
Dawei Watch, Dawei News, Dawei News Media

နွေရာသီ‌တွင် သောက်သုံးရေ ရှားပါးပြတ်လပ်ပါက ဖုန်းဆက်အကူ အညီတောင်းခံနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်‌ရေးဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်းရှိ ခရိုင်သုံးခုစလုံးတွင် အကူအညီတောင်းခံနိုင်ပြီး လိုအပ်သည့် အခြေအနေအပေါ်မူတည်ကာ ရေသယ် ကားရှိသည့် ဌာနများနှင့် ညှိနှိုင်းဖြန့် ဝေပေးမည်ဖြစ်ကြောင်း အထက်ပါဌာန တာဝန်ရှိသူက ဆိုသည်။

ထားဝယ်ခရိုင်အတွင်း ရေလိုအပ်ပါက ရုံးအပိုင်ဖြစ်သည့် ရေဂါလံ ၁၆၀ဝ ဆံ့ ရေသယ်ကားဖြင့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရေရှားပြီဆို ဆက်သွယ်လာတာနဲ့ ပထမဆုံးအခြေအနေတွေကို အကဲခတ် လိုက်တာပေါ့။ ရေရုတ်တရက်လိုအပ် သွားတာလား။ သာရေးနာရေးတစ်ခုခုက ရေလိုအပ်နေတာလားပေါ့” ဟု ယင်း တာဝန်ရှိသူက ဆိုသည်။

ယင်းကဲ့သို့ဖုန်းဆက်အကူအညီ တောင်းခံလာပါက ဌာနတာဝန်ရှိသူများ က ကွင်းဆင်းစိစစ်ပြီး အရေးပေါ်လိုအပ်နေပါက ချက်ချင်းဖြန့်ဝေမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ပြီး လောင်းလုံးမြို့နယ်အတွင်း မှ အကူအညီတောင်းခံမှုသာ ရှိခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

နွေရာသီ ရေရှားပါး ပြတ်လပ်ပါက ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်မြို့နယ်ဝ၅၉ ၂၄၀၆၈
လောင်းလုံးမြို့နယ်ဝ၅၉၃၃၁၄၂
ရေဖြူမြို့နယ်ဝ၉၄၅၀၈၈၈၉၅၄
သရက်ချောင်းမြို့နယ်ဝ၅၉ ၃၅၂၄၆
တနင်္သာရီမြို့နယ်ဝ၅၉၅၅၀၂၃
ကျွန်းစုမြို့နယ်ဝ၉၂၅၃၆၃၅၇၀၁
ပုလောမြို့နယ်ဝ၅၉၃၀၄၆၉
ကော့သောင်းမြို့နယ်ဝ၅၉ ၂၀၅၂၀ဝ၆
ဘုတ်ပြင်းမြို့နယ်ဝ၅၉ ၂၀၅၀ဝ၄၀
မြိတ်မြို့နယ်ဝ၅၉၄၁၇၉၅