တိုင်းအား/ကာ ဘတ်ဂျက် သန်း ၁၄၀ဝ ကျော်သုံးမည်

0
243
Dawei Watch, Dawei News, Dawei News Media

ယခုဘဏ္ဍာနှစ်တွင် အားကစားပြိုင် ပွဲများကျင်းပရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် သန်း ၁၄၀ဝ ကျော် သုံးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

သုံးစွဲမည့်ကဏ္ဍများမှာ တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၃၂ မျိုးခန့်နှင့် မြို့နယ်အဆင့်တွင် အားကစားနည်း ၁၀ မျိုးခန့် ပါဝင်သည်ဟု အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

မြို့နယ် ၁၀ ရှိ ရပ်ကွက်၊ ကျေးရွာ အားကစားကွင်းများပြန်လည်ပြုပြင်ခြင်းနှင့် ရွှေဝယ်သီရိအားကစားကွင်းမှ ပွဲကြည့်စင်အသစ်ပြန်လည်ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းတို့လည်း ပါဝင်သည် ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လုပ်မည့် လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူထားပြီး ပြည်ထောင်စုဘတ်ဂျတ်ဖြင့် ဆောက်မည့် လုပ်ငန်းများအတွက်ကိုမူ တင်ဒါထပ်ခေါ်ရမည်ဟု ၎င်းက ပြောသည်။

အားကစားပြိုင်ပွဲများ ကျင်းပခြင်း စရိတ်များအတွက် ကျပ်သန်း ၅၅၀၊ အားကစားကွင်းပြန်လည်ပြုပြင်ခြင်းနှင့် ပွဲကြည့်စင်အသစ်ဆောက်လုပ်ခြင်း အတွက် ကျပ် ၇၃၆ ဒသမ ၂၃၃ သန်းကို တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လည်းကောင်း ဝန်ထမ်းအိမ်ရာဆောက် လုပ်ခြင်းလုပ်ငန်းများအတွက် ကျပ် ၁၆၈ ဒသမ ဝ၄ သန်းကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောက်လုပ်မည်ဖြစ် သည်။

မိုးမြင့်