ထားဝယ်ဒေသ ဘန်းချောင်း တစ်လျှောက် အခြေချနေထိုင်တဲ့ ကျေးရွာတိုင်းမှာ ငါးဘေးမဲ့အိုင်တွေ ရှိပါတယ်။ ဒီလိုမျိုး ဌာနေတိုင်းရင်းသားတွေ ကိုယ်တိုင် စီမံတဲ့ စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်တွေဟာ အခုလိုမျိုး ကပ်ဘေး ကာလမှာ အရမ်းကို အရေးကြီးပါတယ်။ဘန်းချောင်းဘေးက ကျေးရွာတစ်ရွာမှာ ငါးဘေးမဲ့အိုင်ကို ထိန်းသိမ်းထားပုံကို တင်ဆက်ထားပါတယ်။