ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ

0
352

တနင်္သာရီတိုင်းအတွင်း ဝင်ရောက် အရွေးခံရန် လျှောက်ထားသည့် ကိုယ်စားလှယ်လောင်းလေးဦးမှာ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ရွေးကောက်ပွဲဝင်ခွင့်မပြုဘဲ ပယ်ဖျက်လိုက်ကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ပယ်ဖျက်ခံလိုက်ရသူလေးဦးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နေရာတွင် ဝင်ပြိုင်ရန်လျှောက်ထား သူနှစ်ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်ရန်လျှောက်ထားသူနှစ် ဦး စုစုပေါင်း လေးဦးဖြစ်သည်။

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား

အမျိုးသားလွှတ်တော်တွင် ဝင်ပြိုင် ရန်လျှောက်ထားသူ နှစ်ဦးမှာ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP) မှ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဒေါ်ယုယခင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၆ မှ ဦးကျော်ကျော်ဦး တို့ဖြစ် သည်။

ယင်းကိုယ်စားလှယ်လောင်းနှစ်ဦး ကိုမွေးဖွားစဉ်က မိဘနှစ်ဦး သို့မဟုတ် တစ်ဦးမှာ နိုင်ငံသားမဟုတ်သည့်အချက်နှင့် ငြိစွန်းနေခြင်းကြောင့် ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နောက်ထပ်နှစ်ဦးမှာ တိုင်းလွှတ်တော်အတွက် မြိတ်မဲဆန္ဒနယ်အမှတ် ၁ မှ မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ဦးနေနိုင်ဦး၊ ထားဝယ်မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF) ကိုယ်စားပြု ဦးဇော်လွင်တို့ ဖြစ်သည်။

ဦးနေနိုင်ဦးမှာ အသက်မပြည့်သဖြင့် ပယ်လိုက်ခြင်းဖြစ်ပြီး ဦးဇော်လွင်မှာ ၎င်းကိုမွေးဖွားစဉ်က မိဘနှစ်ဦး သို့မဟုတ် တစ်ဦးမှာ နိုင်ငံသားမဟုတ်သည့်အချက်နှင့် ငြိစွန်းနေခြင်းကြောင့် ဖြစ်ကြောင်း ထားဝယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အရည်အချင်းသတ်မှတ်ချက်များကို ဥပဒေဖြင့် သတ်မှတ်ထားပြီးဖြစ်သည့်အပြင် ကိုယ်စားလှယ်လောင်း ပြင်ဆင်ခွင့်ကိုလည်း ကြိုတင်ရက်သတ် မှတ်ပေးထားပြီးဖြစ်သောကြောင့် သတ်မှတ်ချိန်ကျော်သွားပြီဖြစ်ရာ ၎င်းတို့နေရာအား အစားထိုးခွင့်မပြုတော့ကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောသည်။

ဆေးသမား မိန်းမ

နိုင်ငံရေးပါတီအချို့ကမူ ကိုယ်စားလှယ်လောင်းနေရာ အစားထိုးခွင့်မရသဖြင့် အပယ်ခံရသည့်ပါတီများအတွက် နစ်နာမှုရှိကြောင်း ပြောဆိုကြသည်။

တိုင်းအတွင်း ကနဦး ရွေးကောက် ပွဲဝင်ရန်လျှောက်ထားသူ ၂၇၃ ဦးအနက်မှ လေးဦးကို ပယ်ဖျက်လိုက်သဖြင့် လာမည့်ရွေးကောက်ပွဲတွင် ၂၆၉ ဦးသာ ကျန်မည်ဖြစ်သည်။

ကျော်သူစိုး