နှာခေါင်းစည်းများ ဈေးပြန်တက်

0
309

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ ဆက်တိုက်တွေ့ရှိလာရပြီး နောက်ရက်ပိုင်းအတွင်း နှာခေါင်းစည်း (Mask) ဈေးများ မြင့်တက်လျက်ရှိသလို ဆိုင်အချို့တွင် ပစ္စည်းပြတ်လပ်သွားခဲ့သည်။

ယခင်က နှာခေါင်းစည်း ၅၀ ခုပါ တစ်အုပ်လျှင် ကျပ် ၂၀ဝ၀ ခန့်ရှိခဲ့ရာမှ ယခုအခါ ကျပ် ၆၅၀ဝ အထိဖြစ်နေကြောင်း ထားဝယ်မြို့၊ ဆေးဆိုင်ရောင်း သူအချို့က ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

“ဈေးကတော့ တစ်နေ့တစ်ဈေး ဖြစ်နေတယ်။ မနေ့တုန်းက ဈေးကို ရွှေ ဈေးမျိုးဖြစ်သွားတယ်” ထားဝယ်မြို့၊ ဈေးကြီးမြောက်ဘက်ခြမ်းရှိ ပန်းရနံ့ မွှေးကြိုင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်မှ ဆိုင်ရှင် ဦးစိုးကြိုင်က ပြောသည်။

ရန်ကုန်မှ မှာယူထားသည့် ပစ္စည်းမှာလည်း ယနေ့၊ သြဂုတ်လ ၂၂ ရက်နေ့ အထိ ရောက်လာခြင်းမရှိသေးသဖြင့် ပစ္စည်းပြတ်လပ်နေသည်ဟု ၎င်းက ဆိုသည်။

ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Mask များသာ ဝယ်ယူသူများပြီး အဝတ်သားဖြင့်ချုပ်ထားသည့် Mask နှင့် N95 Mask များမှာ ဝယ်ယူသူ သိပ်မရှိကြောင်း ဆေးဆိုင်အချို့ထံမှ သိရသည်။

“အခုတော့ ပစ္စည်းပြတ်နေတယ်။ ရောင်းကောင်းလာတာက သုံးရက်လောက် ပဲရှိသေးတယ်။ မှာထားတာလည်း မရောက် လာသေးဘူး” ဟု ထားဝယ်မြို့၊ နိဗ္ဗာန်လမ်း၊ အိုးလုပ်ရပ်ကွက်၊ ဆေးဆိုင်မှ ဝန်ထမ်းအမျိုးသမီးက ပြောသည်။

လက်သန့်ဆေးရည် (Hand Gel/ Hand Sanitizer) များမှာ ဝယ်ယူမှု ပုံမှန် အတိုင်းသာရှိနေပြီး ပစ္စည်းပြတ်လပ်ခြင်း မရှိကြောင်း ဆေးဆိုင်အချို့ထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် မတ်လလဆန်းခန့်တွင် Mask တစ်ခုလျှင် ကျပ် ၅၀၊ ၁၀ဝ မှ ကျပ် ၈၀ဝ၊ ၁၀ဝ၀ အထိ ဖြစ်ခဲ့သလို အခုရေ ၅၀ ပါသည့် တစ်အုပ်လျှင် ကျပ် ၁၀ဝ၀ဝ ကျော်အထိဖြစ်ခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေး ကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများကို အစိုးရက တားမြစ်ထားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိပြီးသည့်နောက်ပိုင်း တွင် နှာခေါင်းစည်း(Mask)များ ဝယ်လိုအား မြင့်တက်လာခဲ့သည့်အပေါ် ဈေးနှုန်း မြင့်တင်ရောင်းချမှုများ မပြုလုပ်ကြရန် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က မေတ္တာရပ်ခံထားသည်။

မိုးမြင့်