ဦးနှောက်ကို ထိစေသော ကိုဗစ်နဲ့ ကုစားနည်း

0
876

ကိုရိုနာ ရောဂါပိုး အကူးခံရသည်ဖြစ်စေ၊ အကူးမခံရသည် ဖြစ်စေ ကျွန်တော်တို့ ၏ ဦးနှောက်တွေဟာ ပြီးခဲ့တဲ့ လတွေ ကတည်းက အပြောင်းအလဲ ဖြစ်နေခဲ့ပြီး ပါပြီ။
အဲဒီ ရောဂါပိုး ကိုယ်၌ကိုယ်က ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ပြဿနာ တွေ ပေးနိုင်ပါတယ်။

အဲဒီမှာ စိုးရိမ်ပူပန် တာ၊ စိတ်ဓာတ်ကျတာတွေလည်း ပါပါ တယ်။ ကပ်ဘေးကြောင့် တစ်ကိုယ်တည်း နေထိုင်ရတာ၊ စိုးရိမ်သောက ဖြစ်ရတာ တွေဟာ ဦးနှောက်ရဲ့ ဓာတ်သဘောပြောင်း စေတယ်။ စိတ်ကစင့်ကလျား ဖြစ်တာတွေ ကို တိုးစေပါတယ်။
ဗြိတိန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ် က ပညာရှင်တွေ ဦးဆောင်တဲ့ အဖွဲ့တစ်ခု ဟာ အဲဒီလိုမျိုး ကပ်ဘေးကြောင်း ဦးနှောက်ထိခိုက်ရတာတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲဆိုတာ လေ့လာခဲ့ ပါတယ်။

အဲဒီလို ဦးနှောက်ထိခိုက်လို့ ဖြစ်ရ တဲ့ ရောဂါလက္ခဏာတွေမှာ ပင်ပန်းနွမ်း နယ်တာ၊ ခေါင်းကိုက်တာ၊ မှတ်ဉာဏ် ထိခိုက်တာ၊ အာရုံ စူးစိုက်လို့ မရတာတွေ လည်း ပါဝင်ပါတယ်။
အဲဒီလိုမျိုး ဦးနှောက်ထိခိုက်ရစေတဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ အဲဒီမှာ ဦးနှောက်ရောင်ရမ်းတာ၊ ဦးနှောက် ကို သွေးရောက်တာ ထိခိုက်စေတဲ့ လက္ခဏာတစ်မျိုးဖြစ်တာတွေလည်း ပါဝင်ပါတယ်။

ပညာရှင်တွေရဲ့ သုတေသန တွေ့ရှိ ချက်အရ ရောဂါပိုးဟာ ဦးနှောက်ဦးပေါင်း အနံ့ခံလုံးကနေတစ်ဆင့်လည်း ဝင်ရောက် နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ အနံ့ရဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း နေရာပါ။ ကိုဗစ်နိုင်တင်းရောဂါ ခံစားရ သူတွေမှာ အဖြစ်များတာက အနံ့မရတာလည်း ပါပါတယ်။

အနံ့ခံခြင်း လုပ်ငန်းစဉ်တွေထဲက တစ်ခု အနေနဲ့ အဲဒီ အနံ့ခံလုံးလေးဟာ ဦးနှောက်ဆီ သတင်းအချက်အလက်ပို့ ပေးပါတယ်။ နံနေလား၊ မွှေးနေလား၊ ငါးပိနံ့လား စသည်ဖြင့်ပေါ့။ အဲဒီကနေမှ တစ်ဆင့် ဦးနှောက်က သူလုပ်သင့်တာ ဆက်လုပ်သွားပါတယ်။ ဥပမာ နံနေရင် စိတ်အနှောင့်အယှက်ဖြစ်တာ။ စားစရာ အနံ့ဆိုရင် စားချင်စိတ် ဖြစ်လာတာမျိုး တွေပေါ့။
အဲဒီလို အနံ့ခံလုံးလေးက ပေးတဲ့ သတင်းအချက်အလက်က တစ်ဆင့် စိတ်ကို လှုံ့ဆော်ပေးပါတယ်။ မှတ်သား တာ၊ သင်ယူတာတွေ လုပ်ပါတယ်။

နောက်ပြီး အဲဒီ အနံ့ခံလုံးလေးမှာ ဦးနှောက်ကနေ အချက်အလက်တွေ ပို့ပေးတဲ့ ဟိုမုန်းတစ်မျိုး ဖြစ်တဲ့ ဓာတု ဟိုမုန်းတွေ ကြွယ်ဝပါတယ်။ အဲဒီဟိုမုန်း ဟာ ပျော်ရွင်ကြည်နူးမှု၊ စိတ်အားတက် ကြွမှုနဲ့ လှုပ်ရှားတက်ကြွမှု တို့မှာ အရေး ကြီးပါတယ်။ ကိုဗစ်နိုင်တင်းရောဂါဟာ အဲဒီလို ဟိုမုန်းနဲ့ ပျော်စေတဲ့ ဓာတ်တစ်မျိုး ဖြစ်တဲ့ ဆီရိုတိုနင်၊ ဦးနှောက်ထဲမှာ သတင်း အချက်အလက်တွေ ပို့ဆောင်ပေးတဲ့ အဆင်ထိုချိုလိုင်းလိုမျိုး ဓာတ်တွေကို ဦးနှောက်ထဲက အခြား ဓာတုဓာတ်ပေါင်းစု တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို ပညာရှင်တွေက ကံသေကံမ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အဲဒီ ဓာတ်ပေါင်းစုတွေဟာ အာရုံစု စည်းတာ၊ သင်ယူတာ၊ မှတ်တာနဲ့ စိတ် အခြေအနေဆိုင်ရာ ကိစ္စတွေမှာ ပါဝင် ပတ်သက်နေပါတယ်။

ဦးနှောက်ထဲက အဲဒီဓာတ်ပေါင်းစု အပြောင်းအလဲတွေဟာ စိတ်အခြေအနေ၊ ပင်ပန်းနွမ်းလျမှုနဲ့ အသိအမြင် အပြောင်း အလဲတွေအတွက် အရေးပါပါတယ်။ ကိုဗစ်လူနာတွေမှာ အဲဒီလို ပုံစံမျိုးတွေ ပုံစံတူကြုံရပါတယ်။ ရောဂါပိုးကူးခံရသူ တွေဟာ စိတ်ဖိစီးတာ၊ စိတ်ကစဉ့်ကလျား ဖြစ်တာနဲ့ စိတ်ကျတာတွေကြုံရတာ အဲဒီလို ဓာတ်ပေါင်း အပြောင်းအလဲနဲ့ ဆက်စပ်နေနိုင်ပါတယ်။

ရောဂါပိုးကူးခံရတဲ့သူတွေပဲ အဲဒီလို ခံစားရတာမျိုး မဟုတ်ပါဘူး။ ပိုးကူးခံရမှာ ကြောက်တာ၊ ကိုယ်ကနေ တစ်ဆင့် အခြားမိသားစုဝင်၊ မိတ်ဆွေ လုပ်ဖော် ကိုင်ဖက်တွေဆီ ပိုးပြန့်သွားမှာ ကြောက် တာ တွေလည်း ဦးနှောက်က အရေးကြီးတဲ့ ဓာတ်ပေါင်းတွေကို ထိခိုက်မှု ရှိစေပါ တယ်။ နောက်ပြီး တစ်ကိုယ်တည်း ကန့်သတ်နေထိုင်ရတာ၊ အထီးကျန်တာ တွေ ကြောင့်လည်း ဦးနှောက်ကို ထိခိုက် စေနိုင်ပါတယ်။

အချိန်တော်တော်များများမှာ စိတ်ကျနေတာဟာ ကိုယ်ခန္ဓာ တောက် လျောက် ရောင်ရမ်းစေနိုင်ပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။ အဲဒါဟာ မှတ်ဉာဏ် နဲ့ စိတ်လှုပ်ရှားမှုကို တိုင်တွယ် ထိန်းချုပ် တဲ့ ဦးနှောက် အစိတ်အပိုင်းကို ကျုံ့သွား စေပြီး လူတွေရဲ့ စိတ်ခံစားမှုကို ထိခိုက်စေ ပါတယ်။

စိတ်ဖိစီးမှုကြောင့် ပျော်ရွင်မှု ဓာတ် ပေါင်းဟု ဆိုလေ့ရှိတဲ့ ဆီရိုတိုနင်လိုမျိုး ဦးနှောက် အစိတ်အပိုင်းကို ထိခိုက်စေနိုင် ပြီးတော့ လူ့စိတ်ကျန်းမာရေးကို ထိစေပါ တယ်။ များသောအားဖြင့် စိတ်ကျခြင်းနဲ့ စိတ်ကစဉ့်ကလျား ဖြစ်စေပါတယ်။

အဲလို ဆိုလိုက်လို့ စိတ်မကျသွားပါ နဲ့ဦး။ သတင်းကောင်းတွေလည်း ရှိပါ တယ်။
ဘာလို့ဆို ဦးနှောက်ဆိုတာ လေ့ကျင့် ပေးလို့ရတဲ့ အရာ၊ ပုံသွင်းလို့ရတဲ့ အရာ မို့လို့ပါ။ ထိရင်တောင် ပြန်ကုစားလို့ရနိုင် ပါတယ်။ မှတ်Óဏ်ပျောက်ဆုံးတာ၊ စိတ်ကျတာလိုမျိုး ပြင်းထန်တဲ့ အခြေ အနေတွေကိုတောင် ပြန်ကောင်းလာ အောင် လုပ်နိုင်စွမ်း ရှိပါတယ်။

အားလုံးသိကြတဲ့အတိုင်း သတိပဋ္ဌာန် တရားနဲ့ အညီ နေထိုင်တာ (မူရင်း အင်္ဂလိပ်ဘာသာတွင်တော့ Mindfulness ဟုရေးပါတယ်။ သတိနဲ့ အညီ နေထိုင် ခြင်းဟုလည်း ဆိုကြပါတယ်) တာ၊ သတိ ပဋ္ဌာန်လုပ်တာဟာ ဦးနှောက်ထိခိုက်တာ ကို ပြေပျောက်စေနိုင်ပါတယ်။

တကယ်တော့ စီမံတာ၊ ဆုံးဖြတ်တာ တွေ လုပ်တဲ့ဦးနှောက် အစိတ်အပိုင်းတွေ၊ ဦးနှောက်ကနေ အချက်အလက်ပို့ပေးတဲ့ ဟိုမုန်းဓာတ်ပေါင်းတွေ၊ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ဦးနှောက် ဓာတ်ပေါင်းတွေဟာ တရားထိုင် သတိပဋ္ဌာန်လုပ်ပြီးတဲ့နောက် အလုပ်လုပ်ပုံပြောင်းလာတာ၊ ပုံစံပြောင်း လာတာတွေ ပညာရှင်တွေ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

တရားမလုပ်တဲ့ သူနဲ့ နှိုင်းယှဉ်လေ့ လာတဲ့ အချိန်မှာ ရှစ်ပတ်လောက် သတိပဋ္ဌာန်တရား လုပ်ပြီးတာနဲ့ ဗဟို အာရုံကြော စနစ်ရဲ့ အဓိက အစိတ်အပိုင်း နဲ့ ဦးနှောက်ဆဲလ်အများစုပါတဲ့ တစ်ရှုး တွေရဲ့ သိပ်သည်းဆကို မြှင့်တင်ပေးနိုင် တယ်ဆိုတာ လေ့လာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာရောဂါပိုးကြောင့် ဦးနှောက် အစိတ်အပိုင်းအားလုံးကို ထိခိုက်စေပါ တယ်။ အဲဒီအပြင်ကို အဲလို လေ့ကျင့်တာ ကလည်း အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ စိတ်အားတက်ကြွမှုကို ဖြစ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ တောက် လျှောက် ဖြစ်နေပြီဆိုရင်၊ ပြင်းပြင်းထန် ထန် ဖြစ်နေပြီဆိုရင် စိတ်ကုပညာရှင် တစ်ဦးဦးနဲ့ ပြဖို့ သင့်ပါပြီ။

စိတ်ကု ပညာရှင်တွေဆီကလည်း ကုထုံးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ရနိုင်ပါတယ်။

နိုင်ငံတော်တော်များများမှာ အသွား အလာ ကန့်သတ်ထားတာ၊ အိမ်မှာပဲ နေစေတာတွေ မရုပ်သိမ်းသေးပါဘူး။ အဲဒီလို အချိန်မှာ ကိုယ့်ကျန်းမာရေးကို စစ်ဆေးနိုင်တဲ့ ကိရိယာတွေ တပ်တာ လုပ်နိုင်တယ်။ ဥပမာ နှလုံးတိုင်းစက်တွေ တပ်တာ၊ အိပ်တဲ့ နှုန်းတွေကို တိုင်းတာ တွေ လုပ်နိုင်တယ်။

မိုဘိုင်းလ်ဖုန်း App တွေနဲ့လည်း ဖြေရှင်းနိုင်ပါတယ်။ အဲဒီ App တွေနဲ့ ကိုယ့် စိတ်ဖိစီးမှု အခြေအနေကို သိနိုင်ပြီး လျော့ကျလာအောင် ဖြေရှင်းတာလည်း လုပ်နိုင်ပါတယ်။
အဲဒီလို နည်းနာတွေက လူတိုင်းနီးနီး အတွက် အသုံးဝင်ပါတယ်။ စိတ်ကျန်းမာ ရေးအတွက် အထောက်အကူ ပြုပါတယ်။

ဒီကပ်ဘေးကြုံရာကနေ အနာဂတ် မှာ လူတွေအတွက် စိတ်ကျန်းမာရေး ကုထုံး နည်းနာသစ်တွေထွက်လာနိုင်ပါ သေးတယ်။ နောက်ပြီးတော့လည်း စိတ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အလေ့အကျင့် ရသွားအောင် အခြေခံပညာကျောင်းတွေ ကနေတစ်ဆင့် လေ့ကျင့်ပေးနိုင်ပါတယ်။

Dawei Watch

https://theconversation.com/coronavirus-the-pandemic-is-changing-our-brains-here-are-the-remedies-144451

ပါ Coronavirus: the pandemic is changing our brains – here are the remedies ဆောင်းပါးကို သင့်လျော်သလို မြန်မာမှု ပြုထားပါသည်။