ဆိုင်ကယ်ရှေ့မီးကြီး နေ့ဘက်တွင်ပါ ဖွင့်မောင်းရမည်၊ မထွန်းက ဒဏ်ငွေဆောင်ရမည်

0
854

လက်ရှိပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအသစ်အရ ဆိုင်ကယ် ရှေ့မီးကြီးကို နေ့ဘက်မောင်းနှင် ချိန်တွင်ပါ ဖွင့်မောင်းရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေတွင် ယင်းသို့ ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။

ထိုဥပဒေအရ နေ့ခင်းဘက် ဆိုင် ကယ်မီးမဖွင့်ပါက ငွေကျပ်သုံးသောင်း ထက်မပိုသည့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေတွင် အထက်ပါအချက်ကို ပြဋ္ဌာန်းထား ခြင်းမရှိပေ။

လက်ရှိတွင် မော်တော်ယာဉ်ဥပဒေ အသစ်နှင့် ပတ်သက်ပြီး ပြည်သူများ သိရှိစေရန် ပညာပေးလက်ကမ်းစာစောင် များကို လူစည်ကားသည့် လမ်းဆုံများ တွင် ဖြန့်ဝေနေကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ ရဲမှူးမိုးကျော်က ဆိုသည်။

“အနည်းဆုံးတော့ တစ်ပတ်ဝေ မယ်။ ဝေပြီးတော့မှ အရေးယူမှုလေးတွေ ပေါ့နော်။ အဲဒါတွေတော့ ဆက်လုပ်ဖိ်ု့ ရှိတာပေါ့”ဟု ရဲမှူးမိုးကျော်က ပြောသည်။

ဆိုင်ကယ် ရှေ့မီးထွန်းရန် ဥပဒေသစ်

ဆိုင်ကယ်ရှေ့မီးဖွင့်မောင်းနှင်ရာ တွင် မီးကိုအနိမ့်ချပြီး မောင်းနှင်ရမည် ဖြစ်ကြောင်း အထက်ပါဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မော်တော်ယာဉ်ဥပဒေအသစ်အရ နေ့ဘက်မီးဖွင့်မောင်းရမည့် ယာဉ်အမျိုး အစားတွင် ဆိုင်ကယ်နှင့် သုံးဘီးဆိုင် ကယ်များသာ အကျုံးဝင်ပြီး မော်တော်ကားက အကျုံးဝင်ခြင်းမရှိပေ။

ဆိုင်ကယ်စီးနင်းသွားလာချိန်တွင် နေ့ခင်းဘက်ပါ အရှေ့မီးထွန်းရမည်ဆို သည့်အချက်ကို ဆိုင်ကယ်စီးသူအများစု မသိရှိသေးဟုထင်ကြောင်း ထားဝယ်မြို့ နေ ဦးဇော်ဝင်းက ဆိုသည်။

“ဒီလိုသွားရမယ်ဆိုတာကို အသံချဲ့စက်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြေ ညာပေးသင့်တယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

မြို့ပေါ်နေသူအနည်းစုသာသာ ရှိသေးသည့်အခြေအနေတွင် နယ်ဘက် တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသိ ပေးသင့်ကြောင်း ၎င်းက အကြံပြုသည်။

တနင်္သာရီတိုင်းအတွင်း မောင်းနှင် သွားလာနေကြသည့် အော်တိုဂီယာ ဆိုင်ကယ်အများစုမှာ အဝေးပြေး မီးကြီး (အမြင့်မီး) ထွန်းလေ့ရှိသည်။

ထိုသို့ မောင်းနှင်လေ့ရှိသဖြင့် တစ်ဖက်ယာဉ်ကြောမှလာသည့် ယာဉ် များအနေဖြင့် မီးအလင်းရောင်းစူးပြီး မည်သည့်အရာမှ မမြင်ရတော့ပေ။

ယင်းအပြင် စံချိန်မီ ဆိုင်ကယ် ဦးထုပ်ကို မေးသိုင်းကြိုးမတပ်ခြင်း နောက်ကြည့်မှန်မတပ်ခြင်း၊ အိတ်ဇော အသံထိန်း ကိရိယာမပါရှိခြင်းတို့အတွက် လည်း အထက်ပါပြစ်ဒဏ်အတိုင်းပင် သတ်မှတ်ထားသည်။

ထို့အပြင် ကညနဌာနမှ ထုတ်ပေး ထားသည့် နံပါတ်ပြား တပ်ဆင်ရမည် ဖြစ်ပြီး နံပါတ်ပြား မထင်ရှားစေရန် တမငြ်ုပလုပ်ခြင်း၊ နံပါတ်ပြား မတပ်ဆင် ဘဲ စီးနင်းပါက သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

Dawei Watch