ဒေါက်တာလဲ့လဲ့မော်အမှု မေ ၂၂ တွင် အမိန့်ချမည်

0
414

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှုကို မေလ ၂၂ ရက်နေ့တွင် အပြီးသတ်အမိန့်ချ တော့မည်ဖြစ်သည်။

တရားစတင်စွဲဆိုချိန်မှ ၁၄ လခန့် အကြာတွင် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်သည်။

အမှု၏ ၆၂ ကြိမ်မြောက်ရုံးချိန်းဖြစ် သည့် မေလ ၈ ရက်နေ့တွင် အမှုနှင့်ပတ်သက် ၍ နှစ်ဘက်အပြီးသတ်လျှောက်လဲချက် ကြားနာပြီးနောက် အမိန့်ချမည့်ရက်ကို ချိန်းဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု လေးမှုဖြင့် စွဲချက်တင် ထားပြီး ယင်း အမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ /၆၃ ဖြင့် စွဲချက်တင်ထားသည်။

နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးယူထားစဉ်က အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ် သည့် ယင်းဥပဒေပုဒ်မ – ၅၅ ကို ဖောက်ဖျက်ပါက ၁၅ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမည် ဖြစ်သည်။

အဂတိဥပဒေပုဒ်မ – ၆၃ မှာ ကျူးလွန် ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့် ခွဲခြင်း၊ ပြစ်မှုကျူးလွန်ရာတွင် အားပေး ကူညီခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက အထက်ပါ ပြစ်ဒဏ်ကိုပင် ချမှတ်ခံရမည် ဖြစ်သည်။

မေလ ၈ ရက်နေ့ရုံးချိန်းတွင် တရားလိုနှင့် စွဲချက်တင်ခံထားရသူများ ၏ အကျိုးဆောင်များက တစ်မှုချင်း အလိုက် အပြီးသတ် လျှောက်လဲခဲ့ကြ သည်။

တရားလိုဘက်မှ လိုက်ပါဆောင် ရွက်သည့် ဥပဒေအရာရှိများက စွဲချင် တင်ခံထားရသူများအပေါ် စွဲချက်တင် ထားသည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်တစ်ရပ် ချမှတ်သင့်သည်ဟု လျှောက်လဲတင်ပြကြ ကြောင်း တိုင်းတရားလွှတ်တော် သတင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ဆိုသည်။

စွပ်စွဲခံရသူများ၏ အကျိုးဆောင် ရှေ့နေများကမူ စွဲချက်တင်ထားသည့် ပုဒ်မများဖြင့် ပြစ်မှုစီရင်ရန် မပေါ်ပေါက် သဖြင့် အမှုမှအပြီးသတ်လွှတ်ပေးရန် လျှောက်လဲတင်ပြကြကြောင်း ၎င်းက ပြောသည်။

အဆိုပါအမှုများကို ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စတင်တရား စွဲခြင်းဖြစ်ပြီး ရုံးချိန်းပေါင်း ၆၂ ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်သည်။

အမှု၏ ၄၄ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးကို စွဲချက်တင်ခဲ့သည်။

Dawei Watch