ရေသန့်ရဖို့ တိုက်ပွဲ၀င်ခြင်း

0
267

ရေရရှိပိုင်ခွင့်နဲ့ပတ်သက်ပြီး ပိုမိုတင်းမာလာတာနဲ့အမျှ စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်အနီးမှာရှိတဲ့ ဆင်းရဲတဲ့လယ်သမားတွေရဲ့ ရေနဲ့ပတ်သက်တဲ့အခက်အခဲတွေကို ဒို့အသံရဲ့ ဒီတစ်ပတ်အစီအစဉ်မှာ တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲလာလို့ ကောက်ပဲသီးနှံအထွက်နှုန်း ကျလာ၊ မိုးခေါင်လာတာမို့ လယ်သမားတချို့ဟာ စားဝတ်နေရေးအတွက် သစ်တောတွေထဲက ကျွန်းသစ်တွေကို ခိုးယူခုတ်ဖြတ်တဲ့အတွက် အဖမ်းခံကြရပါတယ်။ လယ်သမားတွေက စိုက်ပျိုးရေရရှိဖို့ အစိုးရက ရေတွင်းတွေတူးပေးဖို့ လိုလားပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဘာမှဖြစ်လာသေးပါဘူး။ ဒီဆောင်းပါးကို အပြည့်အစုံကို နားဆင်နိုင်ပါပြီ။