မြိတ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူ သေနတ်ဖြင့် ပစ်ခံရ

0
424

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု တွင် ဆိုင်ကယ်ကယ်ရီမောင်းသူအား ခရီးသည်က သေနတ်ဖြင့်ပစ်ခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

မေလ ၂ ရက် ည ၇ နာရီခွဲခန့်က မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက် ရပ်ကွက်ရှိ အထပ်သားစက်ရုံအနီးတွင် ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

ဆိုယ်ကယ်ကယ်ရီကို ရေနံမြေရပ်ကွက်မှ ကုန်းဖောက်ရပ်ကွက်သို့ အမျိုးသား နှစ်ဦးက ငှားရမ်းခဲ့ပြီး အထပ်သားစက်ရုံ အနီးရောက်တွင် ဆိုင်ကယ်ကို ရပ်ခိုင်းပြီး အနောက်ဘက်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“လက်လုပ်သေနတ်ဖြစ်ဖို့များတယ်”ဟု မြိတ်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ချိုလွင်က ပြောသည်။

သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် ကယ်ရီမောင်းသူမှာ နောက်ကျောညာဘက်မှ ရင်အုံအထိ ပေါက်ထွက်ခဲ့သဖြင့် မြိတ် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

ကယ်ရီမောင်းအမျိုးအသားမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး ရန်ညှိုးရန်စကြောင့် ပစ်ခံခဲ့ရခြင်းမဟုတ်ဟု စခန်းမှူးက ပြောသည်။

သေနတ်ဖြင့်ပစ်သူနှစ်ဦးသည် ဆိုင်ကယ်ကိုလည်း လုယက်ခဲ့ခြင်းမရှိကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးမှာထွက် ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းမိနိုင်ရန်အတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

Dawei Watch