ထားဝယ်တက္ကသိုလ် အဝေးသင် စာစဉ် နောက်ကျ

0
625

ထားဝယ်တက္ကသိုလ် အဝေးသင် သင်တန်းသားများ ကျောင်းစတင်အပ်နှံ ရက်တွင် အဝေးသင် စာစဉ်မေးခွန်းများနှင့် အဖြေလွှာ စာအုပ်များ(Assignment) ထုတ်ပေးနိုင်ခြင်း မရှိသေးဘဲ နောက်ကျမှ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ယင်း တက်္ကသိုလ် အဝေးသင် သင်တန်းဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် ထားဝယ်တက်္ကသိုလ်တွင် အဝေးသင် သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ယခု ဒီဇင်ဘာလ ၂၆ ရက်မှ စတင်ပြီး ကျောင်း အပ်လက်ခံနေပြီ ဖြစ်သည်။

သို့သော် စာစဉ်မေးခွန်းနှင့် အဖြေ လွှာ စာအုပ်ကိုမူ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်မှ စတင်ထုတ်ပေးနိုင်မည်ဖြစ် ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တကယ်ဆိုရင် ကျောင်းအပ်တာနဲ့ Assignment (စာစဉ်) စာအုပ်တွေ ထုတ်ပေးလိုက်ရမှာ။ အခုက Text Book (ပြဋ္ဌာန်းစာအုပ်)တောင် မထုတ်ပေးနိုင် သေးဘူး။ Guide စာအုပ်ပဲ ထုတ်ပေး နိုင်သေးတယ်”ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။

ထားဝယ်မြို့တွင် စာစဉ်မေးခွန်းများ နှင့် အဖြေလွှာစာအုပ်ကို ပုံနှိပ်မည့် ပုံနှိပ် စက် အခက်အခဲကြောင့် ရန်ကုန်မြို့တွင် ပုံနှိပ်ထားရခြင်း၊ အဝေးသင် သင်တန်း ကိစ်္စများကို အချိန်နီးကပ်မှ ညွှန်ကြားချက် ထုတ်ပြန်ခြင်းတို့ကြောင့် နောက်ကျနေ ခြင်းဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

““Assignment ရတာ နောက်ကျရင် တင်တာလဲ နောက်ကျမှာပေါ့။ အဝေးသင် ကျောင်းသားတွေက ကြားထဲမှာ အလုပ်လုပ် နေရတာလဲ ရှိနေသေးတာကို။ နယ်ဝေးက ကျောင်းသားတွေဆို နောက်တစ်ခေါက် တက်လာထုတ်နေရတာလဲ အဆင်မပြေဘူး””ဟု   ထားဝယ်တက္ကသိုလ် အဝေးသင် သမိုင်းဒုတိယနှစ်ကျောင်းသား ကိုအောင်ဇော်မျိုးက ပြောသည်။

ပထမနှစ် အဝေးသင်တန်းတက်မည့် ကျောင်းသား၊ ကျောင်းသူများ၏ ပထမနှစ်ဝက် စာစဉ်များကို မေလ ၃၁ ရက်နှင့် ဒုတိယနှစ်ဝက် စာစဉ်များကို ဇူလိုင်လ ၃၀ ရက်တွင် နောက်ဆုံး တင်သွင်းရမည် ဖြစ်သည်။

ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ၏ ပထမနှစ်ဝက် စာစဉ်များကို  ဇွန်လ ၂၆ ရက်နှင့် ဒုတိယနှစ်ဝက် စာစဉ်များကို  သြဂုတ်လ ၃၀ ရက်တွင် နောက်ဆုံးတင်သွင်းရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ်မှစတင်ပြီး အဝေးသင် သင်တန်းတက်မည့် ကျောင်းသားများနှင့် ပတ်သက်သည့် စာစဉ်ထုတ်ဝေခြင်း၊ စာမေးပွဲ စစ်ဆေးခြင်း၊ အောင်စာရင်းထုတ် ပြန်ခြင်းတို့ကို သက်ဆိုင်ရာ တက်္ကသိုလ်များ က တိုက်ရိုက်စီမံခန့်ခွဲရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ကျော်သူစိုး