လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘဲဖမ်းပွဲ ကျင်းပမည်

0
596

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအနေဖြင့် ဘဲဖမ်းပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း ထားဝယ်မြို့ လူထုအလင်းရောင် ကွန်ရက်ထံမှ သိရသည်။

ပြိုင်ပွဲကို ဇန်န၀ါရီလ ၄ ရက် ညနေ ၃ နာရီခန့်တွင် ကျင်းပမည်ဖြစ်ပြီး အသက် ၁၆ နှစ်အထက် မည်သူမဆို လာရောက် စာရင်းနိုင်ကြောင်း လူထုအလင်းရောင်ကွန်ရက်မှ ဦးစိုးမင်းက ပြောသည်။

ပြိုင်ပွဲကွင်းထဲတွင် လူ ၇ ဦးခန့်က ဘဲတစ်ကောင်ကို ၀ိုင်းဖမ်းရမည်ဖြစ်ပြီး ဖမ်းမိသူကို ဘဲတစ်ကောင်နှင့် ငွေကျပ် တစ်သောင်း ဆုချီးမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဘဲဖမ်းမမိသည့် ပြိုင်ပွဲဝင်များကိုမူ မျက်နှာသုတ်ပုဝါ တစ်ထည်စီ ချီးမြှင့်မည် ဖြစ်ကြောင်း ဦးစိုးမင်းက ပြောသည်။

“ဒီကစားနည်းကလည်း ထားဝယ် မြို့မှာ တစ်ခါမှ မရှိဖူးတော့ ဆန်းဆန်းပြားပြား လုပ်ပေးချင်တဲ့ စေတနာတွေနဲ့ ပါပဲ၊  ကစားနည်းကလည်း အသစ်တစ်ခု ဖြစ်တယ်၊ ပြည်သူလူထုကိုလည်း ပျော်စေချင်တယ်ဆိုတဲ့ ရည်ရွှယ်ချက်တွေပါပဲ”ဟု ဦးစိုးမင်းက ပြောသည်။

ပြိုင်ပွဲတစ်ခု၏ ကြာချိန်ကို ၁၅ မိနစ် သတ်မှတ်ထားကြောင်း လူထုအလင်းရောင် ကွန်ရက်ထံမှ သိရသည်။

အဆိုပါပြိုင်ပွဲကို ထားဝယ်မြို့ ကမ်းနားလမ်းရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Dawei Watch