ကျွန်းစုတွင် ဓားကိုင်ရမ်းကားသူထံမှ ဘိန်းစာမှုန့်နှင့် ကျည်ဆံထောင့်များ ဖမ်းမိ

0
421

ရပ်ကွက်အတွင်း ဓားရှည်တစ် ချောင်းကိုင်ဆောင်ကာ အော်ဟစ်ဆဲဆို နေသည့် အမျိုးသားတစ်ဦးထံမှ ဘိန်းစာမှုန့် နှင့် ကျည်ဆံထောင့်များ ဖမ်းမိခဲ့ရကြောင်း ကျွန်းစုမြို့နယ် အမှတ် ၃ ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးဇော်မျိုးဦးထံမှ သိရသည်။
အဆိုပါ အသက် ၃၀ နှစ်အရွယ် အမျိုးသားမှာ နိုဝင်ဘာလ ၇ ရက်က ဆိုင်ကယ်တစ်စီးဖြင့် အရှည် တစ်ပေခန့် ရှိ ဓားတစ်ချောင်းကိုင်ဆောင်ပြီး ရပ်ကွက် တွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ အား အော်ဟစ်ဆဲဆိုခဲ့ကြောင်း အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး က ပြောသည်။

အဆိုပါ ဓားကိုင်ပြီး အော်ဟစ်ဆဲဆို ခဲ့သည့် အမျိုးသား၏ မိခင်မှာ မူးယစ် ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ခံရနေကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။
ဓားကိုင် ရမ်းကားသည့်အမျိုးသား အား ဖမ်းဆီးရာ လွယ်အိတ်အတွင်းမှ ဘိန်းစာမှုန့်များတွေ့ရှိခဲ့သဖြင့် နေအိမ် သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဆန်လေးပုံးဝင် အိတ်ဖြင့် ထည့်ထားသည့် ဘိန်းစာမှုန့် ၁ ထုပ်နှင့် ကျည်ဆံ ၁၀ တောင့်(ခြောက် လုံးဗြူးသေနတ်တွင် အသုံးပြုရသည်ဟု ယူဆရသော ကျည်ဆံ) တို့အား ရှာဖွေ တွေ့ရှိခဲ့ရကြောင်း အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးက ပြောသည်။

လက်ရှိတွင် အဆိုပါအမျိုးသားအား ကျွန်းစုမြို့မရဲစခန်းတွင် ဖမ်းဆီးကာ အမှုဖွင့် ထားကြောင်း ယင်းရဲစခန်းမှ သိရ သည်။