ဆရာဝန်အသင်းနှင့် ပူးပေါင်းကာ ဇမ္ဗူသီရိအဖွဲ့ နယ်လှည့်ကျန်းမာရေး ဆေးစစ်ပေးမည်

0
402

ထားဝယ်ခရိုင်အတွင်းရှိ ဝေးလံ သည့်ဒေသများတွင် ကျန်းမာရေးဆေးစစ် မှုများကို မြန်မာနိုင်ငံ ဆရာဝန်အသင်း (ထားဝယ်)နှင့် ပူးပေါင်းကာ ယခုနှစ် မိုးမကျမီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ဆောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။
ဝေးလံသည့်ဒေသမှ ပြည်သူများကို ကျန်းမာရေးဆေးစစ်ပေးမည်ဖြစ်ပြီး ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါ အစရှိသည့် ရောဂါ ၇ မျိုးခန့်ကို စစ်ဆေးပေးမည်ဖြစ်ကြောင်း ဦးနိုင်မျိုး သွင်က ဆိုသည်။

လာမည့်အပတ်တွင် ဆရာဝန် အသင်းနှင့် ညှိနှိုင်းဆွေးနွေးရန်ရှိပြီး ဆွေးနွေးပြီးမှသာ အသေးစိတ်အကြောင်း အရာများကို သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျေးလက်တွေမှာ ဆေးစစ်မှုတွေ မလုပ်နိုင်တဲ့အတွက် အချိန်လွန်မှ ဆေးရုံ ရောက်ပြီး အသက်ဆုံးရှုံးမှုတွေ ရင်ဆိုင် နေရလို့ပါ”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

ကျန်းမာရေးဆေးစစ်မှုများအပြင် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကိုပါ လုပ် ဆောင်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် ကျေးရွာတစ်ခုနှုန်းဖြင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရ သည်။