အုပ်ချုပ်ရေးမှူးဟောင်း၏ဇနီး ဦးဆောင်သည့် လူတစ်စုက နေအိမ်ဖြိုချ

0
479

အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၏ဇနီး ဦးဆောင်သည့် လူတစ်စုက နေအိမ်တစ် လုံးအား ဝင်ရောက်ကာဖြိုချခဲ့ကြောင်း မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးနှင့် ကာယကံရှင်များထံမှ သိရသည်။
မေလ ၁၀ ရက် ညနေ ၄ နာရီခွဲ အချိန်က မြိတ်မြို့နယ် မြိတ်တောင်ကျေး ရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက် ဈေး ဟောင်းလမ်းရှိ နေအိမ်အား ကျူးကျော် ဝင်ရောက်နေထိုင်သည်ဆိုကာ ယင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း၏ဇနီး ဦးဆောင်သည့် လူတစ်စုက လာရောက် ဖြိုချခဲ့ကြောင်း အိမ်အဖျက်ခံရသည့် ကာယကံရှင် ဒေါ်ခင်ဆွေက ပြောသည်။

“သူတို့ ဝယ်ထားတဲ့မြေဆိုပြီး လာဖြိုသွားတာ။ အမှန်က ကျွန်မတို့မိဘ တွေ ပိုင်တဲ့မြေပါ” ဟု နေအိမ်မဲ့ဖြစ်သွား သည့် ကလေး ၅ ဦး၏မိခင် ဒေါ်ခင်ဆွေ က ပြောသည်။
ယင်းမြေကွက်(ပေ၄၀_ပေ၆၀) ပါ ဝင်သည့် မြေသုံးဧကသည် ဒေါ်ခင်ဆွေ ၏ ယောက္ခမများ ပိုင်ဆိုင်သည့်မြေဖြစ် ကြောင်း ၎င်းက ဆိုသည်။

ယင်းမြေ ၃ ဧကအပါအဝင် မြေ ၈ ဧကကို ၂၀၀၁ နှစ်က အစိုးရမှ ဈေး ဆောက်မည်ဟုဆိုကာ သိမ်းဆည်းခဲ့ ကြောင်း ဒေါ်ခင်ဆွေက ပြောသည်။
ဈေးမှာ ခြောက်လဖွင့်လှစ်ကာ ပျက်စီးခဲ့ပြီးနောက် ယင်းနေရာတွင် နေ အိမ်များ တစ်စတစ်စ များပြားလာ ကြောင်း ၎င်းက ဆိုသည်။

ယင်းကြောင့် ခင်ပွန်း ဆုံးပါးပြီး နောက် အိမ်ငှားနေရန် မတတ်နိုင်သဖြင့် နှစ်ပေါင်းများစွာ ကွက်လပ်ဖြစ်နေသည့် ယင်းနေရာတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လက ငွေကျပ် ရှစ်သိန်း အကုန်ကျခံကာ အိမ်ဝင်ဆောက် နေထိုင်ခဲ့ကြောင်း ဒေါ်ခင်ဆွေက ဆိုသည်။
မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေး မှူးဟောင်း၏ဇနီးဖြစ်သူ ဒေါ်တရုတ်မ ကမူ ယင်းမြေသည်လွန်ခဲ့သော ရှစ်နှစ်က ၎င်း၏အစ်မဖြစ်သူ ဝယ်ယူထားသော မြေဖြစ်ပြီး မြေချလံလက်မှတ်ရှိကြောင်း ဆိုသည်။

ဝင်ရောက်ကျူးကျော် ဆောက်လုပ် နေထိုင်သည့် ဒေါ်ခင်ဆွေအား အိမ်တန် ဖိုး လျော်ကြေးငွေ ကျပ်လေးသိန်းကို ရပ်ကွက်ရုံး၌ အကြိမ်ကြိမ်ပေးခဲ့သော် လည်း လက်ခံခြင်းမရှိသောကြောင့် သွားရောက် ဖြိုချခဲ့ကြောင်း ဒေါ်တရုတ်မ က ဆိုသည်။
“၄ လပိုင်းအကုန်ဖြိုပေးမယ်ဆိုပြီး လက်မှတ်ထိုးထားတာ ရှိတယ်”ဟု အုပ် ချုပ်ရေးမှူးဟောင်း၏ဇနီး ဒေါ်တရုတ်မ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ်ခေါ်ယူ ညှိနှိုင်းပေးခဲ့သော် လည်း ကျူးကျော်သူဟု အစွပ်စွဲခံရသူ ဘက်မှ လက်ခံခြင်းမရှိကြောင်း မြိတ် တောင်ကျေးရွာ၏ လက်ရှိအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ပြောသည်။
“အခုလည်း အတတ်နိုင်ဆုံး ပြေလည် အောင် ညှိနှိုင်းပေးမယ်”ဟု အုပ်ချုပ်ရေး မှူးက ဆိုသည်။

အစိုးရက မြေဧကနှစ်ရာ သိမ်းယူ ခဲ့ပြီး လ/န ၃၉ အဖြစ် ပြန်လည်လုပ်ကိုင် ခွင့်ပြုပေးသည့်မြေကွက်များတွင် ယင်း မြေကွက်များ ပါဝင်ကြောင်း ဦးထွန်းဝင်း က ပြောသည်။
အိမ်ဖြိုဖျက်ခြင်းနှင့် ပတ်သက် ပြီး ဖြိုချသူများဖက်မှ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်း မရှိကြောင်း ယင်းရုံးထံမှ သိရသည်။