အရပ်ဖက် အဖွဲ့အစည်းများဖိုရမ် ကျင်းပမည်

0
418

တနင်္သာရီတိုင်းဒေသကြီး အရပ် ဖက် အဖွဲ့အစည်းများ ဖိုရမ်ကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်မှစကာ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရပ်ဖက်အဖွဲ့အစည်းများ ကော်မတီထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖက်ဒရယ် ဆိုင်ရာ အခြေခံမူ၊ ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်နေရာ ချထားရေး စာတမ်းများ ထွက်ရှိရန် ဆွေးနွေးသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အရပ် ဖက်အဖွဲ့အစည်းများ ကော်မတီ တိုင်း တာဝန်ခံ-၂ ဒေါ်ရီရီထွေးက ဆိုသည်။မြို့နယ်တစ်ခုလျှင် အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် ၅ ဦးခန့်အထိ ဖိတ်ကြား သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဖွဲ့အစည်း အနေနဲ့မဟုတ်ဘဲ လူပုဂ္ဂိုလ်အနေနဲ့လည်း ဘယ်သူမဆို တက်ရောက် အကြံပြုနိုင်တယ်”ဟု ဒေါ်ရီရီထွေးက ဆိုသည်။
ဖိုရမ်ကို ထားဝယ်မြို့၊ ကမ်းနား လမ်းရှိ ဆိပ်ကမ်းသာ(၂) ခန်းမတွင် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။