ရခိုင်အတွက် ရန်ပုံငွေ ဈေးရောင်းပွဲ ပြုလုပ်မည်

0
404

အကြမ်းဖက်ခံ ရခိုင် ပြည်သူများ အတွက် ရန်ပုံငွေရှာဖွေသည့် ဈေး ရောင်းပွဲတစ်ခုကို မြိတ်မြို့ ကမ်းနား လမ်းရှိ မြိတ်ကုန် တိုက်ရှေ့တွင် စက်တင်ဘာလ ၂၈ ရက်၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းဈေးရောင်းပွဲ ပြုလုပ်မည့် မြိတ်ပရဟိစေတနာရှင် လူငယ်များထံမှ သိရသည်။

ဈေးရောင်းပွဲတွင် မုန့်အမျိုးမျိုး၊ အကင်များနှင့် အအေးများ စသဖြင့် အမျိုးအစား ၂၅မျိုးခန့် ရောင်းချ ပေး မည်ဖြစ်ကာ မုန့်စားလက်မှတ် တစ် စောင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချပေးနေကြောင်း ပရဟိတ စေတနာရှင်လူငယ်များမှ သိရသည်။

အဆိုပါ ပရဟိတ စေတနာ ရှင်လူငယ်များသည် အထက် မြန်မာ ပြည်ရေဘေးအတွက် ရန်ပုံငွေရှာ ဈေး ရောင်းပွဲကို ၂ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်မှ ရရှိလာသည့် ငွေများကို ရခိုင်ပြည်နယ်အစိုးအရနှင့် ချိတ်ဆက်ပြီး လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။