မဒမ ကာကွယ်ရန် စစ်တပ်ကိုပါ အကူတောင်း

0
495

တနင်္သာရီတိုင်းအတွင်း ကမ်းရိုး တန်းဒေသများတွင် ပေါက်ရောက်သည့် မဒမ ဒီရေတောပင်များအား ကာကွယ်ရန် တပ်မတော်ကိုပါ အကူအညီတောင်းထား ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

မဒမပင် မျှောတိုင်များအပါအဝင်၊ ပိတောက်နှင့်အခြားသစ်များကို မွန်ပြည်နယ်၊ ရေးမြို့နယ်ဘက်မှ ကုန်းလမ်း၊ ပင်လယ်လမ်းတို့မှတစ်ဆင့် ခိုးသယ်နေ သည်ကို စုံစမ်းသိရှိရသဖြင့် သက်ဆိုင်ရာ ဌာနပေါင်းစုံပါဝင်သည့် စစ်ဆေးရေး အဖွဲ့များဖွဲ့စည်း ကြပ်မတ်နေကြောင်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ပြော သည်။
“စစ်တပ်ကိုလည်း အကူအညီ တောင်းတယ်၊ အဖွဲ့စုံနဲ့ ဂိတ်တွေကို စစ်ခိုင်းထားတယ်” ဟု ၎င်းက ပြော သည်။

ယင်းသို့ မွန်မှ လာခုတ်ယူနေမှုအား ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံ အုပ်ချုပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်လည်း ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်က တင်ပြဆွေး နွေးခဲ့ကြောင်း သိရသည်။
“ဒီအတိုင်းဆို တနင်္သာရီတိုင်းက သစ်တောတွေပြုန်းတီးကုန်မယ်လို့ ကျွန်မကဆွေးနွေးခဲ့တာပါ”ဟု ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။
ဆွေးနွေးပွဲတွင်မွန်ပြန်နယ် ဝန်ကြီး ချုပ်ဒေါက်တာအေးဇံကလည်း မွန် ပြည်နယ်အတွင်း ခိုးသယ်သစ်များ မဝင်ရန်တတ်နိုင်သမျှ တားဆီးပေးမည် ဟု ကတိပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

မဒမ ပင်များမှာ အမျိုးအစား ၃ မျိုးခန့်ရှိပြီး တနင်္သာရီတိုင်းအတွင်း ယော၊ ဒန်း၊ ထုံး စသဖြင့် ခေါ်ဝေါ်ကာ ထားဝယ်ဘက်တွင်ရှားပါးလာပြီး မြိတ် ကျွန်းစုဘက်တွင် ပိုမိုပေါက်ရောက် ကြောင်းထားဝယ်သုတေသနအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။
“ဒီအပင်တွေမရှိရင် တနင်္သာရီ တိုင်းက ကျွန်းသားတွေ နေဖို့ အခက် အခဲပဲ” ဟု ဦးဇော်သူရက ပြောသည်။

ယင်း မဒမပင်များကို (ထားဝယ် စကားဖြင့်ဘ္လိုင်တိုင်) အသေးစား ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အသုံးပြုခြင်း၊ အိမ်၊ တဲများ ဆောက် လုပ်ခြင်း၊ မီးသွေးဖုတ်ခြင်း စသဖြင့် ဘက်စုံအသုံးပြုကြသည်ဟု ထားဝယ် ဒေသခံတို့က ပြောကြသည်။