သင်္ကြန်တွင် မျက်နှာဖုံးတပ်သည့်အလေ့နှင့် ဒုစရိုက်မှုတွဲပါလာမည်ကို ဒေသခံအချို့စိုးရိမ်

0
373

သင်္ကြန်ကာလအတွင်း အပျော် သဘောအသုံးပြုရန် ထားဝယ်ဈေးကွက် အတွင်းဝင်ရောက်မှုများလာသည့် မျက်နှာဖုံးများကို အသုံးပြုကာ ဒုစရိုက် မှုများ ကျူးလွန်မည်ကို ထားဝယ်ဒေသခံ အချို့က စိုးရိမ်လျက်ရှိသည်။မျက်နှာဖုံး အကာအကွယ်ကို အသုံးချကာ မလိုလားအပ်သည့် ကိစ္စ ရပ်များ လုပ်ဆောင်လာနိုင်သည့်အတွက် မျက်နှာဖုံးရောင်းချနေသည့် ဆိုင်များကို တားဆီးကြပ်မတ်သင့်ကြောင်း ထားဝယ် မြို့ ရှမ္မလည်ဆွဲရပ်နေ ဦးနေလင်းက ဆိုသည်။

“ဖြစ်သွားခဲ့ရင်လည်း တရားခံရှာဖို့ လွယ်မှာ မဟုတ်ဘူး” ဟု ဦးနေလင်းက ပြောသည်။ယမန်နှစ်သင်္ကြန်က ထားဝယ်မြို့မ ရဲစခန်းအနီးတွင် မျက်နှာဖုံးစွပ်ကာ ခိုက် ရန်ဖြစ်ပွားကြပြီး မည်သူ မည်ဝါမှန်းပင် မသိလိုက်ကြောင်း ၎င်းက ဆိုသည်။ ” နှစ်သစ်ကူးမှာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာကိုကြည့်ပြီး ပြုံးပြုံး ရွှင်ရွှင် ပျော်ကြစေချင်တယ်” ဟု ထား ဝယ်မြို့နေ ဦးဇော်ဝင်းက ပြောသည်။ခိုက်ရန်ဖြစ်ပွားချင်သူများ အနေ ဖြင့် မျက်နှာဖုံးစွပ်ထားပါက မည်သူ မှန်းမသိကြသည့်အတွက် အကာအကွယ် တစ်ခုအဖြစ် အသုံးချလာနိုင်ကြောင်း ထားဝယ်မြို့ခုံဝင်းဒပ်ရပ်နေ ဦးဇေယျာ က ဆိုသည်။

” သင်္ကြန်နဲ့ ဘာမှ ပတ်သက်မှုမရှိတဲ့ မျက်နှာဖုံးတွေ တပ်ပြီး ပျော်ပါးမယ်ဆို အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်” ဟု ဦးဇေယျာက ပြောသည်။
ထားဝယ်ဈေးကွက်အတွင်း မျက်နှာဖုံးတစ်ခုလျှင် ငွေကျပ် ၁၀၀၀ မှ ငွေကျပ် ၂၀၀၀ ဝန်းကျင်အထိ ဈေး အမျိုးမျိုးရှိသည်။” ဒီဒေသ လူငယ်တွေရဲ့ စရိုက်အရ ပြဿနာ ကြီးကြီးမားမားတော့ မဖြစ် နိုင်ပါဘူး” ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြော သည်။
ထားဝယ်ဒေသ သင်္ကြန်ကာလ အတွင်း ကြမ်းတမ်းစွာ ရေပက်ခြင်း ကြောင့် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွား လေ့ရှိသည်။