မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည် ရေး စက်ဘီးစီးပွဲတွင် မြိတ်စက်ဘီးအဖွဲ့ ပါဝင်မည်

0
415

မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည် ရေး စက်ဘီးစီးပွဲတော်ကို နိုဝင်ဘာလ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မြိတ် စက်ဘီးစီး အဖွဲ့လည်း ပါဝင်မည်ဖြစ် ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးထံမှ သိရ သည်။


ချစ်ကြည်ရေး စက်ဘီးစီးပွဲကို မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မော တောင်နယ်စပ်တွင် ပြုလုပ်မည်ဖြစ်ရာ စက်ဘီးအစီးရေ ၆၀၀ စီးဝန်းကျင်ခန့် ပါဝင်မည်ဖြစ်ကြောင်း ယင်းပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဦးအောင်စိုးက ပြောပြသည်။
” ကျွန်တော်တို့အဖွဲ့က ထိုင်းနိုင်ငံ စင်ခွန်းဂိတ်ကနေ စီးနင်းလိုက်ပါ ပါ မယ်” ဟု မြိတ်စက်ဘီးစီးအဖွဲ့ဝင်က ပြောသည်။
နှစ်နိုင်ငံချစ်ကြည်ရေး စက်ဘီး စီးပွဲကိုထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် မှ စတင်ထွက်ခွာမည်ဖြစ်ကာ မော တောင်နယ်စပ် အမှတ်(၃) ရွာအထိ အသွားအပြန် စက်ဘီးစီးမည်ဖြစ်ကြောင်း သိရသည်။

.
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် စက်ဘီးအစီးရေ ၁၅၀၀ ခန့်ဖြင့် မော တောင်တွင် စက်ဘီးစီးပွဲတော်ကို ကျင်း ပခဲ့ပြီးဖြစ်ကြောင်း သိရသည်။မြန်မာဘက်မှ မောတောင်နယ်စပ် ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့က တရားဝင်ဖွင့်လှစ်ထားပြီးကာ ထိုင်းနိုင်ငံ စင်ခွန်းဂိတ်သည် လက်ရှိအချိန်ထိ              တရားဝင် ဖွင့်လှစ်ထားခြင်းမရှိသေးဘဲ အထူး ယာယီနယ်စပ်ဂိတ်အဆင့်သာ ရှိ သေးကြောင်း သိရသည်။