တိုင်းနှင့် ပြည်နယ် ၁၄ ခု တစ်ကိုယ်တော် လမ်းလျှောက်ခရီးရှည် စတင်

0
435

မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ထိုင်သူ အသက် ၄၇နှစ်အရွယ်ရှိ ဦးအောင်သူသည် တိုင်းနယ်ပြည်နယ် ၁၄ ခု  တစ်ကိုယ်တော် လမ်းလျှောက် ခရီးရှည်ကို ဧပြီလ ၂၂ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စတင်ကာ မြိတ် မြို့မှ စတင်ထွက်ခွာခဲ့သည်။


သမ္မတ ဦးထင်ကျော်နှင့် အစိုးရ သစ်အား ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ယင်းသို့ လမ်းလျှောက်ရန် စီစဉ်ခြင်း ဖြစ်ပြီး မြိတ်မြို့မြစ်ငယ်ရပ်ရှိ ဗိုလ်ချုပ် မြင်းစီး ကြေးရုပ်ကို အလေးပြုပြီး စတင် ထွက်ခွာခဲ့သည်ဟု ကာယကံရှင် ဦး အောင်သူက ပြောသည်။
ခရီးစဉ် စတင်ထွက်ချိန်တွင် မြိတ် မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုးပိုင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို တို့က လာရောက်အားပေးခဲ့ပြီး ဆေးဝါး နှင့် အဝတ်အစားတစ်ချို့တို့ကို ကူညီပံ့ ပိုးပေးခဲ့ကြောင်း သိရသည်။

walking_alone
မြို့ပေါင်း ၅၉ မြို့ကိုဖြတ်သန်းရ မည်ဖြစ်ကာ လမ်းလျှောက်ရက်ပေါင်း ၁၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းကာ ဗဟန်းမြို့နယ်ရှိအ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ခရီးစဉ်ကို အဆုံး သတ်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
” အလုပ်မအားတဲ့အတွက် လမ်း လျှောက်ဖို့ ကြိုတင်လေ့ကျင့် မထား ခဲ့ဘူး။ နေကလည်းပူပြင်းတော့ သတိ ထားပြီးသွားရမယ်”  ဟု ဦးအောင်သူ က ပြောသည်။
ဦးအောင်သူသည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆီးဂိမ်းကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် မြိတ်မှ နေ ပြည်တော် သို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ကော့ သောင်း မြို့မှ နေပြည်တော်သို့ လည်းကောင်း တစ်ကိုယ်တော် လမ်းလျှောက်ခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီ လက မြိတ်မှ နတ်မောက်မြို့သို့ တစ် ကိုယ်တော် လမ်းလျှောက်ခဲ့ကြောင်း ဦးအောင်သူမှ သိရသည်။
ယခုအကြိမ် တစ်ကိုယ်တော် လမ်း လျှောက်ခြင်းသည် စတုတ္တအကြိမ် မြောက် ဖြစ်သည်။