ရေကြီးနေတဲ့ မွန်ပြည်နယ်

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ယနေ့ ဩဂုတ် ၁၆ နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။ မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်များမှ...

မြိတ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မုန့်ကိုက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့အား မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၄) ကျင်းပသည်။ ယင်းပြိုင်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ မြိတ်မြို့...

ထားဝယ်မြို့ နှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက်မြင်ကွင်းများ

ထားဝယ်မြို့ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး နှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရုစေတီ ဘုရားတို့တွင် ဧပြီ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက် မြင်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ အတာအိုးလာရောက်ပို့ဆောင်သူ ၊ ဘုရားဖူးလာရောက်သူများတွေ့ရပြီး စတုဒီသာလှူဒါန်းနေသူများကိုမူ မမြင်တွေ့ရပေ။

ရိုးရာမပျက် တနင်္သာရီ ကျားအက

တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ရိုးရာကျားအကပွဲကို ယခုနှစ်သင်္ကြန်အကျနေ့(ဧပြီ ၁၄)တွင်လည်း ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်တွင် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့ ပူးပေါင်းကာ တစ်ရက်တည်း ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ ပုံမှန်အားဖြင့် ကျားကပွဲကို...

သင်္ကြန်အတက်နေ့ ကံပေါက်ဒေသ သင်္ကြန်မြင်ကွင်း

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ သင်္ကြန်အကြိုနေ့ကစ၍ ရေကစားသူများရှိခဲ့ပြီး ဘေးတွဲဆိုင်ကယ်တွေနဲ့ သင်္ကြန်လည်ခဲ့သူတွေလည်း ရှိကြသည်။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်...

အာဏာသိမ်းဂယက်အောက်မှ လွတ်လပ်ရေးနေ့ မောင်းမကန်

လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက် နေ့လယ်တွင် မောင်းမကန်ကမ်းခြေသို့ လာရောက်သူ နည်းပါးနေခဲ့သည်။ ယခင်နှစ်များက အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် လွတ်လပ်ရေးနေ့တွင် ကမ်း‌ခြေ၌ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လာရောက်အပန်း‌‌ဖြေသူ နည်းပါးနေသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း ထားဝယ်ဘုရားကြီးမြင်ကွင်း

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးတွင် ဘုရားဖူးလာသူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။ အာဏာမသိမ်းခင်က ထားဝယ်မြို့နယ် အတွင်းရှိ မောင်မယ်ရှောင်၊ ဇဟာလမ်းပိုင်းများနှင့် ထားဝယ်မြို့တွင်း နေရာအများစုတွင် နှစ်ဆန်း ၁ရက်နေ့...

အဖိတ်နေ့ည ထားဝယ်သီတင်းကျွတ်

သီတင်းကျွတ်လဆန်း ၁၄ ရက် ညဦးတွင်တွေ့ရသည့် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရာကြီးတွင် ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch

သံချပ်သံတွေမြိုင်တဲ့ လောင်းလုံးသင်္ကြန် အကြတ်နေ့

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅)၌ ပင်မသပိတ်စစ်ကြောင်းများက သံချပ်ထိုးဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများ ပြုလုပ်ခဲ့ကြသည်။ သံချပ်ထိုးခြင်းကို သင်္ကြန်အကြိုနေ့မှစ၍ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်သည်။