ဇီဝဇိုးတို့ ပျော်စံရာ

လေညာရပ်ကွက်ထဲသို့ ခြေချ လိုက်မိသည်နှင့် ဟိုနားတကျွီကျွီ ဒီနား တကျွမ်ကျွမ်ဖြင့် ရပ်ကွက်လမ်းတစ် လျှောက်အတိုင်းသား ကြားရသည်။ ရပ်ကွက်နှစ်ခုပေါင်းလျှင် အိမ်ခြေ သုံးရာခန့်ရှိသည့် ယင်းနေရာတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ထိုအသံမျိုး မကြားရတတ်။
အိုးသူကြီး

အိုးသူကြီး

အိုးသူကြီးဖြစ်တဲ့ ဒေါ်အင်ပို တစ်ယောက် မီးအပူမခံရတော့တာ၊ ဆီအညှော်မခံရတော့တာ၊ ညည အိပ်ရေးမပျက်တော့တာ နှစ်နှစ်လောက်ရှိနေ ပါပြီပကော။ အလှူရှင်အချို့ဟာ သူတို့အလှူမှာ ကရိကထမများချင်လို့ အဆင်သင့် ချက်ပြုတ်ပြီး လာပို့တဲ့ အစားအသောက်တွေကို အော်ဒါမှာလာတာကြောင့် အိုးသူကြီးတွေ အနားရလာကြပါတယ်။

ရက္ရာဇာမွလား

“လွန်၊ ဘုံ၊ သာ ၀ယ်ပါလေ။ အောင်၊ ကျော်၊ စံ၊ နှောင်း မ၀ယ်ကောင်း” လူကြီးသူမ အတော်များများ ထို စာချိုးလေး အလွတ်ရကြပါသည်။ အလွတ်မရလျှင်ပင် ပစ္စည်းတစ်ခုခု ၀ယ်မည်၊ ရင်းနှီးမြှုပ်နှံမှု...

ထောင့်ကွယ်မြို့အကြောင်း တစေ့တစောင်း

ထားဝယ်ဒေသအတွင်း ရှေးမြို့ဟောင်း များစွာအနက်မှ ထောင့်ကွယ်မြို့ဟောင်း အကြောင်း၏ ရာဇ၀င်သမိုင်းကို သမိုင်း သုတေသနပုံစံ မဟုတ်ဘဲ သုတ အလို့ငှာ တင်ပြပါမည်။ ရာဇ၀င်လာအရ ကောဇာသက်္ကရာဇ် ၅၃၅မှ- ၅၇၂ အထိ စိုးစံခဲ့သော ပုဂံပြည့်ရှင် ဘုရင် နရပတိစည်သူမင်းကြီးသည် တနင်္သာရီမြို့စား စောပဲဖြူ ပုန်ကန်သည်ကို သွားရောက်...

မသာထမ်း၊ မသာပိတ် ခရီးသွားရဲပြီလား

ခရီးတစ်ခု ထွက်တော့မည်ဆိုလျှင် လူကြီးသူမတို့ လက်ဆင့်ကမ်းခဲ့သည့် အယူအဆများ နားတွင် ကြားယောင် လာတတ်ကြပါသည်။ "လူ ၄ ယောက်ဆို မသာထမ်း၊ ခရီးမထွက်ကောင်းဘူး" "ယောက်ျား ၄ ယောက်၊...

အိမ်ဆောက်ကြရာဝယ်

"တန်ခူးလမှာ အိမ်ဆောက်ခါ ချမ်းသာပြညြွ့်ကယ်ဝ။ ကဆုန်လကား ဆန်စပါး ပေါများတတ်လှ။ ဝါခေါင် လမှာ အိမ်ဆောက်ခါ ဥစ္စာတိုးပွားရ။ နတ်တော်လတွင် အိမ်ဆောက်လျှင် ပေါ်ထင်ကျော်ဇောစွ။ ပြာသိုလမှာ လူတကာ များစွာချီးမွမ်းရ။ တပေါင်းလ ဝယ် ချမ်းသြွာကယ် ဆောင်ဖွယ်ဤ ခြောက်လ။"

အရုဏ်ဆွမ်း ဘုံအလှူ

လူအများစု အနားယူအိပ်စက်နေသည့် ညနက်သန်းခေါင်တွင် ချွေးတလုံးလုံးဖြင့် ချက်ပြုတ်ကြော် လှော်နေသူတို့ကို မြို့လမ်းဘေး နေရာအချို့တွင် တွေ့မြင်ဖူးပါလိမ့်မည်။ ရပ်ကွက်အချို့၏ လမ်းမဘေးတစ်နေရာတွင် ယာယီမဏ္ဍပ်ထိုးကာ အပတ်စဉ် ချက်ပြုတ်နေသူ တို့ကို တွေ့ရပါမည်။ ထိုယာယီမဏ္ဍပ်၏ လူမြင်သာသည့်နေရာတွင် ဆိုင်းဘုတ်ကြီးများ ရေးထားပါလိမ့်မည်။

ရှင်မော်သွားတောလား

နှစ်သစ်မကူးခင် ရုတ်တရက် အကြောင်းဖန်လာလို့ ရှင်မော်ကို ကျွန်မ ရောက်ဖြစ်ခဲ့တယ်။ ရှင်မော်ဆိုတာ ဘယ်လိုဘယ်ပုံလို့ တခါမှမကြားဖူးတာမို့ များများစားစားတော့လည်း မမျှော်လင့်ထားပါဘူး။ အတူသွားမယ့် သူငယ်ချင်းက ခရီးလမ်းဝေးတာမို့ ညအိပ်ရမယ်ဆိုတာရယ်၊ ညအိပ်ဖို့တဲလေးတွေရှိတယ် ပြောတာကြောင့် အဝတ်ပိုတစ်စုံ ထည့်ခဲ့ပါတယ်။ ဒါနဲ့ပဲ မနက် ၈ နာရီလောက် ဆိုင်ကယ်နှစ်စီးနဲ့...

ဆေးမိ ပင်လယ်

တိုင်းအတွင်း ကျေးရွာပေါင်း ရာချီရှိသည့် ပင်လယ်ရွာကလေးများမှာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုနီးပါးကစပြီး အရင်လိုမဟုတ်တော့။ ဆားငန်ဓာတ်ပါပြီး သန့်ရှင်းလတ်ဆတ်သည့် ပင်လယ်လေကို သူတို့ ရှူရှိုက်နေခဲ့သည်မှာ ဟိုး ရှေးပဝေသဏီကတည်းက ဖြစ်သည်။

ထားဝယ်မြစ်ဝက စန္ဒား

ညနေလေးနာရီခန့်တွင် ထားဝယ်မြစ်အတွင်း ရေတဖြည်းဖြည်းကျစပြုလာပြီ။ သောင်တွေကို မြင်လာရသည်။ ဦးဖေအေးက ပိုက်သိမ်းဆင်းရန်အတွက် မနက်ကဝတ်ခဲ့သည့် အဝတ်အစားများကို ပြန်ဝတ်ကာ မြစ်ထဲသို့ ဆင်းရန်ပြင်သည်။ လှေကို လမ်းတစ်ဝက်လောက်အထိ တွန်းသွားပြီး စန္ဒားဆီရောက်လုနီးမှ လှော်သည်။ ဦးဖေအေးသည် လောင်းလုံးမြို့နယ်၊...