မြိတ်ဖုန်းဆိုင် ဖောက်ခံရပြီး တရားခံဖမ်းမိ

0
207

မြို့မြို့ရှိ ဖုန်းအရောင်းဆိုင် အဖောက်ခံရပြီးနောက် ရက်ပိုင်းအတွင်း တရားခံကို ဖမ်းဆီးရခဲ့မိကြောင်း ဖုန်းဆိုင်ပိုင်ရှင် ထံမှသိရသည်။

မြိတ်မြို့၊ တလိုင်းစုရပ်ကွက်ရှိ လူကြီးမင်းဖုန်းဆိုင်သည် စက်တင်ဘာလ ၇ ရက် နံက် ၃ နာရီက ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ ညနေတွင် တရားခံအား မြိတ်မြို့ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဖုန်းဆိုင်ပိုင်ရှင် ကိုစိုးမင်း ကပြောသည်။

“ရဲစခန်းက ကျွန်တော့ကို ဖုန်းဆက်ပြီး တရားခံ ဖမ်းမိပြီလို့ အကြောင်းကြားလာတယ်”ဟု ၎င်းကပြောသည်။

ဖုန်းဆိုင်အဖောက်ခံရသည့် ညက ဖုန်းဆယ်လုံးခန့်နှင့် ငွေသားကျပ်သိန်းခြောက်ဆယ် ပါသွားပြီး တရားခံအားဖမ်းမိသည့်အချိန်တွင် ဖုန်းအားလုံးပြန်ရခဲ့ပြီး ငွေသားသိန်းခြောက်ဆယ်မှာ ငွေသားအတိုင်း ရှိမနေတော့ကြောင်း ကိုစိုးမင်း ကပြောပြသည်။

“သူကရွှေတွေ ဝယ်ထားတယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးလည်း ဝယ်ထားတယ်”ဟု ၎င်းကပြောသည်။

ဖုန်းဆိုင်ဖောက်ထွင်းသူသည် မြိတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်၍ မြိတ်မြို့မ ရဲစခန်းတွင် အမှဖွင့်ဆောင်ရွက်နေကြောင်း ဖုန်းဆိုင်ပိုင်ရှင်က ပြောပြသည်။