နေပြည်တော်လေဆိပ်နှင့် စစ်ရုံးချုပ် တိုက်ခိုက်ခံရမှု အထိအခိုက်မရှိဟု စစ်ကောင်စီတုံ့ပြန်

0
605

နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ်နှင့် အေလာလေတပ်တို့ကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီက ပြန်လည်တုံ့ပြန်လာသည်။

နေပြည်တော်လေဆိပ်သို့ ဒရုန်းလေးစင်း ပျံသန်းလာရာ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပစ်ချနိုင်ခဲ့ပြီး အလားတူ ဇေယျာသီရိမြို့နယ်သို့ လာသည့် ဒရုန်း သုံးစင်း ပျံသန်းလာရာ ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းဖြစ်စဉ်များတွင် လူ၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ နေပြည်တော်ရှိ စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း) နှင့် အေလာလေတပ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းများဖြင့် တပြိုင်နက် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းထုတ်ပြန်ထားသည်။

နေပြည်တော် စစ်ရုံးချုပ်ကို ဒရုန်း ၁၆ စီး ၊ အေလာလေတပ်ကို ၁၃ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF Insight က ထုတ်ပြန်ထားပြီး အေလာလေတပ်တွင် မီးလောင်နေသည်ကိုတွေ့ရကြောင်းလည်း ဖော်ပြသည်။