ရန်ကုန်-ထားဝယ်ကားလမ်းရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

0
1115
ဓာတ်ပုံ - မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်း

ရန်ကုန်-ထားဝယ်ကားလမ်းပေါ် မွန်ပြည်နယ် သထုံမြို့နယ်ထဲက မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ ယနေ့ နံနက်ပိုင်းက မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းရှိ မိုးကောင်းတံတား မိုးကောင်းတံတားသည် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

တံတားတစ်ခုလုံး ပြိုကျပျက်စီးသွားသောကြောင့် လက်ရှိတွင် ကားများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံတို့က ဆိုသည်။

“တံတားက လုံးဝကို ပြိုကျသွားတော့ ကားတွေ ဘာတွေ သွားလာလို့ မရတော့ဘူး။ ကားအသေးတွေကျတော့ ရွာလမ်းကနေ ပတ်သွားနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုးကောင်းတံတား မိုင်းခွဲဖျက်စီးခံရမှုကြောင့် တံတားအနီးရှိ ဈေးဆိုင်အချို့ ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုးကောင်းတံတားကို မည်သည့်အဖွဲ့က မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မိုးကောင်းတံတားသည် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေ ခန့်ရှိသည့် တံတားတစ်စင်းဖြစ်ပြီး မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို ဆက်သွယ်သွားလာ အသုံးပြု နေရသည့် တံတားတစ်စင်းဖြစ်သည်။