ထားဝယ်အကျဥ်းထောင်တွင် နှစ်ပတ်တစ်ကြိမ်သာ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပြုမည်ဟုဆို

0
726
ပုံစာ - ထောင်ဝင်စာလာပို့သူများအားတွေ့ရစဉ် (ပုံဟောင်း)

ထားဝယ်အကျဥ်းထောင်တွင် ထောင်ဝင်စာ ပါဆယ်ထုပ်ပို့ခွင့်ကို နှစ်ပတ်လျှင်တစ်ကြိမ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထောင်ဝင်စာပို့နေသူများထံမှ သိရသည်။

“ ထောင်ဝင်စာပို့တဲ့အချိန် တစ်လ ၂ခါ (နှစ်ပတ်လျှင်တစ်ကြိမ်) ပြောင်းလိုက်တာက အခုအပတ်ရုံးဖွင့်ရက်က စတာထင်တယ်။ စာကပ်ထားတာကိုတော့ ဒီနေ့မှတွေ့ရတယ် “ ဟု ယနေ့ ဇန်နဝါရီလ ၁၉ ရက် တွင် ထောင်ဝင်စာ သွားပို့ခဲ့သူတစ်ဦးကပြောသည်။

ထောင်ဝင်စာလာပို့ချိန်တွင် လာပို့သူ၏ အိမ်ထောင်စုစာရင်းမူရင်းနှင့် မှတ်ပုံတင်မူရင်းယူလာရမည်ဖြစ်ကြောင်း ယင်းစာတွင်ဖော်ပြထားသည်ဟု ၎င်း က ဆက်ပြောသည်။

ယခင်က ထောင်ဝင်စာတွေ့သူများမှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မိတ္တူသာပြရန် လိုသော်လည်း ယခုအခါတွင် မူရင်းများပြမှသာ ထောင်ဝင်စာပို့ခွင့်ရကြောင်း ထောင်ဝင်စာပို့သူများကဆိုသည်။