ဇန်နဝါရီလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
811

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကောင်စီတပ် စစ်ကြောင်းက လောင်းလုံးမြို့နယ်ထဲက နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ခဲ့တဲ့အကြောင်း
  • ထားဝယ်မြို့ပေါ် သောင်းကျန်းနေတဲ့မျောက်ကို မီးသတ်တပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့သတင်း
  • စစ်ကောင်စီရဲ့ လွတ်ငြိမ်းစာရင်းမှာပါတဲ့ ထားဝယ်အကျဥ်းထောင်က အကျဥ်းသားတွေ လွတ်လာတဲ့အခြေအနေ
  • ရန်ကုန်ဆန္ဒပြပွဲ သတင်းယူနေချိန် စစ်ကားနဲ့ဝင်တိုက်ပြီး အဖမ်းခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် အင်းစိန်ထောင်က ပြန်လွတ်လာတဲ့အကြောင်း
  • မြိတ်မှာ မီးသင်္ဂြိုဟ်စရိတ် ကျပ်ငါးထောင် တိုးမြှင့်ကောက်ခံလိုက်တဲ့အကြောင်း
  • ချင်းပြည်နယ်က စစ်ကောင်စီတပ်စခန်းကုန်းတွေကို ရက္ခိုင့်တပ်တော်က သိမ်းလိုက်တဲ့အခြေအနေ
  • KIA ဌာနချုပ်နား ရဟတ်ယာဉ်ပစ်ချခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦး ဖမ်းမိတဲ့အကြောင်း အပါအဝင်
  • ရနောင်း လဝက ထိန်းသိမ်းရေးစခန်းက မြန်မာအလုပ်သမား ၂၅၀ ကျော်က အိမ်ပြန်ပို့ဖို့ ဆန္ဒပြတောင်းဆိုတာ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။