ဆန်နှင့် ကြက်သွန်ဈေးမြင့်တက်လာသည့် ထားဝယ်ဈေးကွက်

0
585

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ဆန်နှင့် ကြက်သွန်ဈေးနှုန်းများ မြင့်တက်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့က ရက်ကိုးဆယ် အမျိုးအစား ဆန်ကြမ်း ၂၄ ပြည်တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်မှ ယနေ့ ၁၀၁,၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၉၆,၅၀၀ ကျပ်မှ ယနေ့ ၂၀၇,၀၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ဆန်တစ်အိတ်လျှင် အမျိုးအစားလိုက်၍ ကျပ်ခြောက်ထောင်ကျော်မှ ကျပ်တစ်သောင်းကျော်အထိ ဈေးတက်သွားခြင်း ဖြစ်သည်။

ဆန်ဈေးအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးများမှာလည်း ဈေးတက်လာသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့က ကြက်သွန်နီတစ်ပိဿာလျှင်၄၂၀၀ကျပ်သာ စျေးရှိရာမှ ယနေ့ တစ်ပိဿာ ၅၀၀၀ ကျပ် ဖြစ်သွားသည်။

ထို့အတူ ကြက်သွန်ဖြူ ထူးလေး အမျိုးအစားမှာလည်း ယခင်အပတ်က တစ်ပိဿာ ၁၃၅၀၀ ကျပ်မှ ယနေ့ ၁၄၉၀၀ကျပ်၊ ကြက်သွန်ဖြူထူးငါးအမျိုးအစားမှာ ယခင်အပတ်က တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ယနေ့ ၁၅၂၀၀ကျပ် ဖြစ်လာသည်။

ကြက်သွန်ဟောင်းများ ဈေးကွက်တွင် ပြတ်လပ်လုနီးပါးဖြစ်လာသောကြောင့် ဈေးတက်နေခြင်းဖြစ်ကြောင်း ထားဝယ် စားသုံးကုန်စည်ဈေးကွက်ထံမှ သိရသည်။