ရွှေ‌တစ်ကျပ်သား သုံးသောင်းခွဲတက် (ဒီဇင်ဘာ ၄)

0
636

ဒီဇင်ဘာလ ၁ ရက်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်သုံး‌သောင်းငါးထောင်ကျပ် ဈေးတက်လာသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃,၆၉၀,၀၀၀)သုံးဆယ်ခြောက်သိန်းကိုးသောင်းကျပ် ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးလည်း တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၁,၀၄၀ ဘတ် ပေါက်ဈေး ရှိသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။