ဝေဒီရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
1981

လောင်းလုံးမြို့နယ်‌၊ဝေဒီရွာတွင် အမျိုးသမီးတစ်ဦး အဖမ်းခံရပြီး လေးရက်အကြာ ဩဂုတ်လ ၆ ရက်နေ့က ဦးလေးတော်စပ်သူ သေနတ်ဖြင့်ပစ်ခတ်ခံရသည်ဟု ဒေသခံများထံမှသိရသည်။

မနေ့(ဩဂုတ် ၈) ညနေပိုင်းက ဝေဒီရွာသား အသက် ၅၅ နှစ်အရွယ်ရှိ ဦးဝင်းနိုင်ဆိုသူ ပစ်ခတ်ခံရခြင်းဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနိုင်ကို ဆေးရုံသို့ အရေးပေါ်တင်ပို့လိုက်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သေနတ်သံက လေးငါးချက်လောက် ကြားရတယ်”ဟု ၎င်းဒေသခံကပြောသည်။

ဦးဝင်းနိုင်ကို မည်သူတို့က မည့်သည့်အကြောင်းယင်းကြောင့်လာရောက်ပစ်ခတ်သွားသည်ဆိုခြင်းကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

လွန်ခဲ့သည့် လေးရက်ခန့် က  ဦးဝင်းနိုင်၏ တူမတော်စပ်သူ မဝါဝါဆိုသူမှာလည်း ဝေဒီရွာ၏ လမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင် လူတစ်စုက ဖမ်းခေါ်သွားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများကဆိုသည်။

မဝါဝါကို မည်သူတို့က မည်သည့်အကြောင်းယင်းကြောင့် ဖမ်ခေါ်သွားသည်ဆိုသည်ကိုလည်း မသိရသေးပေ။

မဝါဝါမှာ လွန်ခဲ့သည့် ၆ လခန့်မှစပြီး ထားဝယ်မြို့တွင် ပြောင်းရွှေ့နေထိုင်သူဖြစ်ပြီး ၎င်း၏ဇာတိရွာရှိ ဆွေမျိုးများကို ကန်တော့ရန်လာရောက်စဉ် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

ဦးဝင်းနိုင်တို့မိသားစုသည် ဝေဒီရွာလယ်ဈေးအနီးနေထိုင် သူများ ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ လ က ၎င်း၏အိမ်နီးချင်းအမျိုးသမီး တစ်ဦးမှာလည်း ပစ်သတ်ခံရပြီး သေဆုံးခဲ့ဖူးသည်။