ဆန်ဈေးအနည်းငယ် တက်ပြီး ဆီဈေးဆက်ငြိမ်နေသည့်ထားဝယ်ဈေးကွက်

0
1749

ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်ကထက် ယခုအပတ်ဆန်ဈေးမှာ အနည်းငယ်တက်လာနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်အပတ်ဇူလိုင် ၁၄ ရက်နေ့က ရွှေဘိုပေါ်ဆန်းဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်ကို ၁၂၁၀၀၀ ကျပ်၊ ရွေဘိုပေါ်ဆန်း(အကယ်ဒမီအစိမ်းတံဆိပ်) ၁၀၁၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း(အကယ်ဒမီအနီတံဆိပ်) ၉၇၅၀၀ ကျပ်သာရှိသည်။

ယနေ့ဇူလိုင် ၂၁ ရက်နေ့တွင် ရွှေဘိုပေါ်ဆန်း ဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအစိမ်းရောင်တံဆိပ်) ၁၀၂၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအနီရောတံဆိပ်) ၉၈၀၀၀ ကျပ်ဖြစ်သွားသည်ကိုတွေ့ရသည်။

ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း ကျပ်ငါးရာမှာ ကျပ် နှစ်ထောင်အထိဈေးတက်သွားခြင်းဖြစ်သည်။

ဆန်ဈေးအနည်းငယ်တက်သော်လည်း စားသုံးဆီဈေးမှာ ဇူလိုင်လ ၇ ရက်မှာ ၂၁ ရက်နေ့အထိ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

အမေထွားတံဆိပ် စားသုံးဆီတစ်လီတာ ၈၇၅၀ ကျပ်၊ဇွဲတံဆိပ် ပဲဆီတစ်ပိဿာ ၁၅၇၅၀ ကျပ်၊ နှမ်းဆီ တစ်လီတာ ၉၄၅၀ ကျပ်နှင့် နေကြာဆီ တစ်လီတာ ၇၇၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေခြင်းဖြစ်သည်။

စားအုန်းဆီဈေးမှာ ပြီး ခဲ့သည့်အပတ်က ထက် ကျပ်နှစ်ထောင် ဈေးကျလာသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်အပတ် ဇူလိုင်လ ၁၄ရက်နေ့က ထားဝယ်ဈေးကွက် တွင် စားအုံးဆီ ဆယ်ပိသာဝင် ပုံးဝါတစ်ပုံးကို ၇၃၀၀၀ ကျပ်မှာ ယနေ့ ဇူလိုင် ၂၁ ရက်နေ့ ၇၁၀၀၀ ကျပ်သာကျန်တော့သည်။

တစ်ပိဿာ ၁၉၅၀၀ကျပ်ဖြင့် အတက်ဈေးဖြင့် ငြိမ်နေသည့် ရွှေအပ် ငရုတ်သီးခြောက် မှာလည်း ယခုအပတ် တွင် ဈေးပြန်ကျလာသည်ကိုတွေ့ရသည်။

‌ဇွန်လ ၂၃ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရွှေငရုတ်ပု ငရုတ်သီးခြောက်တစ်ပိဿာ လျှင် ၁၈၀၀၀ကျပ်မှ ဇွန်လ ၃၀ ရက်နေ့ကစပြီး ဇူလိုင်လ ၁၄ရက်နေ့အထိ တစ်ပိဿာ ၁၉၅၀၀ကျပ်အထိ‌‌ ဈေးတက်သွားသည်။