ကြက်သွန်ဖြူဈေးပြန်ကျလာပြီး ဆန်၊ ဆီ၊ ငရုတ် ဈေးငြိမ်သည့်ထားဝယ်ဈေးကွက်

0
1731

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကစပြီး တစ်ပိဿာ ၈၈၀၀ ကျပ်မှ ၁၀၀၀ဝကျပ်အထိ ဈေးတက်သွားသည့် ထူးငါးကြက်သွန်ဖြူဈေးဟာ ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် တစ်ပိဿာ ၉၅၀၀ ကျပ်သို့ ပြန်လည်ရောက်ရှိလာသည်။

ထူး‌လေး ကြက်သွန်ဖြူတစ်တစ်ပိဿာဈေးမှာလည်း ၉၅၀၀ ကျပ်မှ ငါးရာကျပ်ဈေးပြန်ကျကာ ၉၀၀၀ ကျပ် ဖြစ်လာသည်။

နှစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၅၀ဝကျပ် ဈေးကျလာခြင်းဖြစ်သည်။

စားသုံးဆီများဖြစ်သည် အမေထွားတံဆိပ် ဆီတစ်လီတာ ၈၇၅ဝကျပ်၊ ဇွဲတံဆိပ် ဆီတစ်ပိသာ ၁၅၇၅ဝကျပ်ဖြင့် ဇူလိုင် ပထမနှစ်ပတ်အတွင်း အတက်အကျမရှိဘဲ ဈေးနှုန်းငြိမ်နေသည်။

ထို့အပြင် ကြက်သွန်နီ တစ်ပိဿာ၏ဈေးနှုန်းလျှင် ယခင်အပတ်ကထက် ၁၀ဝကျပ်ဈေးကျလာသည်။

ဆန်၊ ဆီ၊ ငရုတ် ဈေးမှာ ဇူလိုင် ပထမနှစ်ပတ်အတွင် ဈေးငြိမ်နေသည်ကို တွေ့ရသည်။

ယနေ့ထားဝယ်ဈေးကွက်တွင် ရွှေအပ် ငရုတ်သီးခြောက် တစ်ပိဿာ ၁၅၅၀ဝကျပ်၊ ငရုပုခြောက်တစ်ပိဿာ ၁၉၅၀ဝကျပ်ဖြင့် ဈေးငြိမ်နေခြင်းဖြစ်သည်။