တရားမျှတမှု ပျောက်ဆုံးသွားခဲ့ရတဲ့ အမေရိကန်က အမှုတစ်ခု (သို့မဟုတ်) Devil’s Knot

0
1256

ဒီဖြစ်စဉ်ဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ အမေရိကန်ပြည်ထောင်စုလို နေရာမှာ ဖြစ်ခဲ့တာပါ။

ပြောရင် ယုံမှာတောင် မဟုတ်ပါဘူး။ ဒါဟာ တကယ်ကို ဖြစ်ခဲ့တယ်၊ အာကန်ဆတ်စ်မှာ ဖြစ်ခဲ့တယ်လို့တောင် အလေးအနက် ပြောရမလိုပါပဲ။

အခု ဒီဘက်ခေတ်ထဲမှာတောင် အင်္ကျီအနက်ဝတ်ရင် ဘာဖြစ်တယ်၊ တက်တူးထိုးထားတဲ့သူဆိုရင် မကောင်းတာလုပ်မယ့်သူလို့ မှတ်ထင်ယူဆပြီး အထင်သေး အမြင်သေးရှုမြင်ကြတယ်၊

ဆံပင်ရှည်ထားရင် လမ်းသရဲထင်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ ရှိနေဆဲပါပဲ။

ကလေး သုံးယောက် အသတ်ခံလိုက်ရတယ်၊ တရားခံ ရှာတော့ တိတိပပ ဘာအထောက်အထားမှ မရှိဘဲ လူငယ်သုံးယောက်ကို ဖမ်းတယ်၊ တစ်ယောက်ကို သေဒဏ်၊ တစ်ယောက်ကို တစ်ကျွန်းနဲ့ နောက်ထပ်ထောင်ဒဏ် နှစ် ၂၀ အပြစ်ပေးတယ်။

ရဲတွေဟာ မဟုတ်တန်းလျား သက်သေတွေနဲ့ ဒီအမှုကို တည်ဆောက်ပြီး သူတို့ တရားခံဖော်ထုတ်နိုင်ပါတယ်လို့ ပြခဲ့ကြတယ်။

ဒီနေ့ဒီအချိန်အထိ အဲ့ဒီအမှုရဲ့တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးဘူး။

သံသယဖြစ်စရာကောင်းလောက်တဲ့ တရားခံက မျက်စိရှေ့မှာ ရှိနေတာတောင် ရဲတွေက အမှုကို ပြန်မတည်ဆောက်နိုင်တော့တာက အံ့ဩဖွယ်ရာပါပဲ။

ဒါဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့အမှုအခင်းပါ။ ၁၉၉၃ ခုနှစ်မှာ ဖြစ်ပျက်ခဲ့ပါတယ်။

ဒီအကြောင်းကို Devil’s Knot နာမည်နဲ့ ဇာတ်ကားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ Dawei Watch ပရိသတ်တွေအတွက် ဒီဇာတ်ကားကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။