ဆုန်ခရန်ပွဲတော်ကာလအတွင်း သေဆုံးသူ တစ်ရာကျော်နှင့် ဒဏ်ရာရသူ တစ်ထောင်ကျော်ရှိ

0
2031
Photo - Thai PBS World

ထိုင်းနိုင်ငံတစ်ဝန်း ကျင်းပနေသည့် ဆုန်ခရန် ရေသဘင်ပွဲတော်၏ လေးရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၁၄၂၂ မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၅၈ ဦးရှိပြီး ၁၄၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်မတော်တဆမှုများ ကာကွယ်ရေးနှင့် လျှော့ချရေးဗဟိုဌာနမှ သိရသည်။

ဧပြီလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပင် ယာဉ်မတော်တဆမှု ၃၆၈ မှု ရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင်း လူ ၄၄ ဦး သေဆုံးကာ ၃၆၈ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မတော်တဆမှုများ ဖြစ်ရသည့် အကြောင်းရင်းများတွင် အရှိန်လွန်မောင်းနှင်မှုသည် ၃၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်သေစာ သောက်စားပြီး မောင်းနှင်မှုမှာ ၂၈ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

မတော်တဆမှု အများဆုံးဖြစ်ပွားသော ယာဉ်အမျိုးအစားမှာ မော်တော်ဆိုင်ကယ် ဖြစ်ပြီး စစ်တမ်းအရ ၈၃ ဒသမ ၇ ရာခိုင်နှုန်း အထိ ရှိကြောင်း တွေ့ရှိရသည်။

လမ်းအနေအထား အရ ယာဉ်မတော်တဆမှု၏ ၇၈ ဒသမ ၈၀ ရာခိုင်နှုန်းသည် တဖြောင့်တည်းသော လမ်းများတွင် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။

ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့သော ပြည်နယ်များမှာ ၄၅မှုစီနှင့် ချင်းမိုင်၊ နခွန်စီထမ်မာရတ်နှင့် နန်ပြည်နယ်တို့ဖြစ်ပြီး ဘန်ကောက်မြို့တွင် သေဆုံးမှုအမြင့်ဆုံး ဖြစ်ကာ ဖြစ်စဉ်များအတွင်း သေဆုံးသူ ၁၂ ဦးအထိ ရှိသည်။

သို့သော် ထိုင်းနိုင်ငံတွင်း အခြားသော ပြည်နယ် ၁၂ ခုတွင် ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု မရှိကြောင်း သိရသည်။

Reference ● Thai PBS World