မြိတ်တွင် ရာအိမ်မှူးတစ်ဦး ပုဆိန်ဖြင့် ခုတ်ခံရ၍ ဒဏ်ရာပြင်းထန်

0
2301

မြိတ်မြို့၊ပါရမီရပ်ကွက်တွင် ရာအိမ်မှူးတစ်ဦး ပုဆိန်ဖြင့် အခုတ်ခံရပြီး မြိတ်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံနေရကြောင်း ဒေသခံများထံမှသိရသည်။

မြိတ်မြို့၊ဘုရားကိုင်ရပ်ကွက် ရာအိမ်မှူး ဦးဘလွင်သည် ဧပြီ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက ပါရမီလမ်းအတိုင်း ဆိုင်ကယ်မောင်းလာစဥ် ပါရမီလမ်းဆုံအနီးတွင် ပုဆိန်ဖြင့် အခုတ်ခံရပြီး လက်ရှိတွင် မြိတ်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်ကုသနေရသည်ဟု ၎င်းတို့ကပြောသည်။

“မျက်လုံးအောက်ဘက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာကပြင်းထန်တယ်ပြောတယ်။ တစ်ချက်တစ်ချက် သွေးတွေလည်း ထထအန်နေတယ်”ဟု မြိတ်ဆေးရုံတွင် လူနာတင်ထားရသည့် တခြားလူနာရှင် တစ်ဦးက ကပြောသည်။

အသက် ၅၀ ဝန်းကျင်ရှိ ယင်းရာအိမ်မှူးကို မည်သည့်အကြောင်းအရင်းကြောင့် မည်သူက ခုတ်ခဲ့သည်ကိုတော့ မသိရှိရသေးကြောင်း ရပ်ကွက်သားများကပြောသည်။

“ခုတ်တဲ့ ကပ်ပ(ပဆိန်)က ထက်အောင်သွေးထားတာမျိုး မဟုတ်ဘူး။ ဖုန်းထည့်ထားတဲ့ (သူ့)လွယ်အိပ်လည်း ယူသွားတယ်လို့ ကြားရတယ်”ဟု ရပ်ကွက်သား နောက်တစ်ဦး ကပြောသည်။

ပုဆိန်ဖြင့် ခုတ်သူမှာ ထွက်ပြေးလွတ်မြောက် သွားသည့်အတွက် နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ လိုက်လံစုံစမ်းနေကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။