ကံပေါက်ဒေသခံ တစ်ဆယ်ကျော် အဖမ်းခံရ

0
243

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် နိုဝင်ဘာလ ၂၁ ရက်ညက ဒေသခံ တစ်ဆယ်ကျော်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ရပ်ကွက်အုပ်ချုပ်‌ ရေးမှူးဟောင်း ၊ ဒေသရေပေးဝေရေးနှင့် အမှိုက်သိမ်းစနစ် ကော်မတီဝင်ဟောင်းများ၊ CDMဆရာမတစ်ဦးနှင့် ကံပေါက်ဒေသခံများပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။

“သူတို့က ဘာကိုဖမ်းချင်တာလဲမသိဘူး ။ ရေကော်မတီဝင်တွေရော ရပ်ကွက်မှူးတွေရော ရေကော်မတီတွေရော ဖမ်းတာဆိုတော့”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရထားသူများကို ရေတပ်စခန်းတစ်ခုအတွင်း စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု သိရကြောင်း ၎င်းဒေသခံက ပြောသည်။

လက်ရှိဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ရေကော်မတီဝင်‌ဟောင်းအချို့၏ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်မယူကြောင်း ရေဖြူမြို့နယ် ပျုစောထီးအဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် လူမူကွန်ယက်မှတဆင့် ထုတ်ပြန် ခြိမ်း‌ခြောက်ခဲ့ဖူးသည်။