တနင်္သာရီတွင် ခြောက်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၇၀ ဦးရှိ

0
168

တနင်္သာရီတိုင်းတွင် ‌ဇွန်လ ၁၇ ရက်မှ ၂၂ ရက်အထိ ခြောက်ရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၇၀ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကာလအတွင်း လူပေါင်း ငါးထောင်နီးပါးကို စစ်ဆေးရာတွင် ၇၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်။

ရာခိုင်နူန်းအားဖြင့်ဆိုပါက စစ်ဆေးသူ လူတစ်ရာလျှင် ပိုးတွေ့သူတစ်ဦးရှိသည်။