ထားဝယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး အဖမ်းခံရ

0
140

ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးဖြစ်သူ ဦးသန်းဆွေ ခေါ် ဦးအိုငယ်ကို မေလ ၂၀ ရက်နေ့ နံနက်က ကြက်စားပြင်ရပ်ကွက်တွင် ဖမ်းဆီးသွားကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ဘုမ္မော်ရပ်ကွက်နေ ဦးသန်းဆွေမှာ ယနေ့နံနက်က နွားနို့သွားယူပြီး ပြန်လာစဉ် ကြက်စားပြင်ရပ်ကွက် အကောက်ခွန် ဂိုဒေါင်အနီးတွင် ဖမ်းဆီးခံလိုက်ရကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဆိုင်ကယ်ရော ဆိုင်ကယ်ထဲမှာ ဝက်သားရောင်းထားတဲ့ ပိုက်ဆံတွေရော ဘာမှ ယူမသွားဘူး၊ လူတစ်ယောက်တည်း ခေါ်ဆောင်သွားတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ဦးသန်းဆွေသည် ဝမ်းရေးအတွက် ဝက်သားရောင်းချသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဦးသန်းဆွေသည် ကိုဗစ်ကုသရေးနေရာတစ်ခုဖြစ်သည့် သီတဂူဆေးရုံတွင်ကူညီလုပ်ဆောင်ပေးနေသလို စနေဆွမ်းအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်နေသူဖြစ်ကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။