ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ကြေးရုပ် မွေးရပ်ရွာတွင် ထားရှိမည်

0
542

ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ ပုံတူကြေးရုပ်တုအား ၎င်း၏ မွေးရပ်ဇာ တိဖြစ်သော ရေဖြူမြို့နယ်၊ အုန်းပင်ကွင်း ကျေးရွာတွင် ထားရှိမည်ဟု ဦးဗဆွေ ကြေးရုပ်ကော်မတီအဖွဲ့ဝင်များထံမှ သိ ရသည်။
အမြင့် ၆ ပေကျော်ရှိသည့် ဦးဗဆွေ ကြေးရုပ်တုအား ရန်ကုန်မြို့တွင် သွန်း လောင်းနေပြီး ၂ လအတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ကြေးရုပ်ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

မောင်(ဦး)ဗဆွေသည် ၁၉၃၆ ခုနှစ် တွင် ထားဝယ်ကျောင်းသားသမဂ္ဂခေါင်း ဆောင်ဖြစ်ခဲ့ပြီး ကို(ဦး)နု၊ ကို(ဗိုလ်ချုပ်)အောင်ဆန်းတို့နှင့် ဆက်သွယ်ကာ ရန် ကုန်တက်ခဲ့ပြီးနောက် ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေး မှူးဖြစ်ခဲ့ကာ ရေနံမြေသပိတ်တွင်လည်း ကျားကြီးဗဆွေဟု ထင်ရှားခဲ့သူ ဖြစ် သည်။
အင်္ဂလိပ်၊ ဂျပန်တို့ကို လက်နက်စွဲ ကိုင်တော်လှန်ရာတွင်လည်း ထိပ်ပိုင်း တာဝန်ကြီးများကို ထမ်းဆောင်ခဲ့ပြီး လွတ်လပ်ပြီးခေတ်တွင် ၁၉၅၂ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး၊ ၁၉၅၆ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ၁၉၅၇ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

“ထားဝယ်သားတွေလည်း ဒီလို နိုင်ငံတော်အတွက် ပေးဆပ်သူတွေ ဖြစ် လာဖို့၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်လာ အောင်၊ လူငယ်တွေ အတုယူတတ်လာ အောင်၊ အမှတ်ရစေသောအားဖြင့် ဦးဗဆွေရုပ်တု ထားရှိဖို့ စီစဉ်ရတာပါ” ဟု ကြေးရုပ်ကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင် က ပြောသည်။
ဦးဗဆွေသည် ၁၉၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် မွေးဖွား ခဲ့ပြီး ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက် တွင် ကွယ်လွန်ခဲ့သည်။