ထီလက်မှတ်ဈေးနှုန်း ကျစေရန် ထီဆိုင်အချို့ သတ်မှတ်ဈေးထက် လျော့ရောင်း

0
474

ကျပ်ငါးရာတန် အောင်ဘာလေ ထီလက်မှတ်များကို ဈေးတင်ရောင်းချမှု များ ပပျောက်စေရန် အောက်တိုဘာလ ၁၅ ရက်မှစ၍ သတ်မှတ် ဈေးနှုန်းထက် ဈေးလျော့ ရောင်းချနေကြောင်း ဈေး လျော့ရောင်းချနေသည့် ထားဝယ်မြို့ရှိ ထီဆိုင်အချို့ထံမှ သိရသည်။မြန်မာနိုင်ငံရှိ ထီလက်မှတ် လက် ကား အရောင်းဆိုင်ကြီးများက ထီလက် မှတ်ဈေးနှုန်းကို ထိန်းချုပ်ကာ ရောင်းချ နေခြင်းကြောင့် ထီလက်မှတ်ဝယ်ရင်း ဈေး ပိုများနေပြီး ဈေးကွက်ကို ချုပ်ကိုင်ထားသူများ ဈေးလျှော့ရောင်း လာစေရန် ရည်ရွယ်ကာ လျှော့ရောင်းချ ပေးခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ Deluxe ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းလှိုင်က ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်မှစကာ ၅၀၀ ကျပ်တန် ထီလက်မှတ် တစ်စောင် လျှင် ၄၈၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ထီလက်မှတ် ၄၇ စောင်ပါ အထူး ၁ အုပ် လျှင် ၂၁၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချ နေသည်။”ဝန်ထမ်းစရိတ်၊ ဆိုင်စရိတ်တွေ အရှုံးခံပြီး အရင်းတိုင်းပဲ ရောင်းချနေ တာပါ”ဟု ဦးစိုးဝင်းလှိုင်က ပြောသည်။
ထားဝယ်မြို့တွင် ယင်းကဲ့သို့ ရောင်းချခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံး သိရှိလာကာ ဈေးနှုန်းလျော့ကျလာ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ယင်းထီဆိုင်တွင် အမှတ်တံဆိပ် မတူသည့် ထီလက်မှတ် ၂မျိုးကို အရင်း အတိုင်း ၄၈၀ ကျပ်နှင့် ၅၀၀ ကျပ် နှုန်းဖြင့် ရောင်းချနေသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ထီလက် မှတ် တစ်စောင်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနိုင်သည့် အချိန်ထိ ရောင်းချသွား မည်ဖြစ်ကြောင်း ဈေးနှုန်းလျှော့ရောင်း သူတစ်ဦးဖြစ်သူ သူဌေးမင်း ထီဆိုင် (သုံးဘီးဖြင့် လှည့်လည်ရောင်းချသူ) ပိုင်ရှင် ဦးရှမ်းလေးက ပြောသည်။ဓ
“ထိုးတဲ့သူတွေတောင် အရင်က ဒီဈေးနဲ့ မရဘူးဆိုပြီး အံ့ဩနေကြတယ်” ဟု ဦးရှမ်းလေးက ဆိုသည်။ထီလက်မှတ် ဝယ်ယူသူများက လည်း ၅၀၀ ကျပ်ထက် ပိုရောင်းနေသည့် ထီ လက်မှတ်များကို ဝယ်ယူအားပေးခြင်း မရှိမှသာ ထီလက်မှတ်ဈေးနှုန်းများ ကျ လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် ရောင်းချသူ အများစုက ၅၀၀ ကျပ်တန် ထီလက် မှတ်တစ်စောင်လျှင် အနည်းဆုံး ၅၅၀ ကျပ် မှ ၆၀၀ ကျပ်အထိ ဈေးတင် ရောင်းချနေသည်။
တရားဝင် သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုရောင်းပါက သက်ဆိုင် ရာ မြို့နယ်ရုံးများတွင် သွားရောက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်တွင်းအခွန်များ ဦးစီး ဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့ဖူးသည်။

ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထား သည့် တန်ဖိုးအတိုင်း မရောင်းပါက အမည်ပျက်စာရင်း (Black List) အဖြစ် သတ်မှတ်ကာ လစဉ် ထီလက်မှတ် ဝယ်ယူခွင့် ပြန်လည်ရုပ်သိမ်းခြင်း၊ အရောင်းကိုယ်စားလှယ်က ဌာနကို ပေးသွင်းထားသည့် အာမခံငွေ (Deposit) ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာထား သည်။